အသက်ရှင်လျက်နဲ့ ရုပ်အဆိုးဆုံးလူသားလို့ ခေါ်တွင်ခံခဲ့ရသူကတော့ Robert Hoge ပဲဖြစ်ပါတယ်။ သူ့ရဲ့ မျက်နှာပုံစံနဲ့ ပုံသဏ္ဍာန်မမှန်တဲ့ ခြေထောက်ကြောင့် ရုပ်အဆိုးဆုံးလူသားရယ်လို့ ခေါ်တွင်ခံခဲ့ရပါတယ်။

Robert ဟာ မွေးဖွားလာတဲ့အချိန်မှာ နှာခေါင်းနေရာမှာ အသားပိုလုံးကြီးပါလာခဲ့ပြီး ခြေထောက်မှာလဲ မူမမှန်ဖြစ်ခဲ့တာကြောင့် မိခင်ရင်းဖြစ်သူဟာ သူမရဲ့သားဖြစ်ပါတယ်လို့တောင် ပြောဖို့တွန့်ဆုတ်ခဲ့ပါတယ်။ 

ဒါပေမယ့် နောက်ဆုံးမှာ မိသားစုတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် Robert ကို အိမ်ကိုခေါ်လာဖို့ သူ့အမေဖြစ်သူကနေ သဘောတူခဲ့ပါတယ်။ ဆရာဝန်ဖြစ်သူကနေ Robert ရဲ့အမေကို သူ့သားနဲ့ ပတ်သတ်ပြီး ဒိုင်ယာရီစာအုပ်လေးတစ်အုပ်ထားစေခဲ့ပါတယ်။ ဒိုင်ယာရီထဲမှာ Robertနဲ့ ပတ်သတ်တဲ့ သူ့အမေရဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းရေးသားစေခဲ့ပါတယ်။

Robert ဟာ သူ့အပေါ် သူ့အမေဒီလိုဖြစ်တာကို အပြည့်အဝ နားလည်ပေးခဲ့ပါတယ်။ ယခုအခါ အသက်၄၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ Robert ဟာ အဆိုပါ ဒိုင်ယာရီကို သူ့အမေနဲ့ သူနဲ့အတူ ဖတ်လေ့ရှိတယ်လို့ဆိုပါတယ်။ Robert ရဲ့အမေဟာ တစ်ချိန်က Robert အပေါ် မြင်ခဲ့တာတွေကို မကွယ်မဝှက် ပြောပြခဲ့ပြီး Robert အနေနဲ့လဲ ဒါကို နားလည်ပေးခဲ့တယ်လို့ဆိုပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။