မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲ ပထမအကျော့မှာ ပေါ်တိုအသင်းဟာ အိမ်ကွင်းမှာ လီဗာပူလ်းအသင်းကို ၅ ဂိုး ဂိုးမရှိရလဒ်နဲ့ ဂိုးပြတ်အရေးနိမ့််ခဲ့တာလည်းဖြစ်ပါတယ်။ပေါ်တိုအသင်း ဒုတိယအကျော့မှာ ပြန်လာနိုင်ဖို့ တကယ်ကို ခက်ခဲခဲ့ပြီလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းက တော့ မာနေးရဲ့ ဟတ်ထရစ် ဂိုးတွေနဲ့ အတူ နောက်တဆင့် တတ်ဖို့ အခြေနေကောင်းခဲ့ပြီလည်းဖြစ်ပါတယ်။

ပေါ်တိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ တိုင်ကွမ်ဟို၊ မာရီဂါ၊ ဘရာဟီမီ၊ အိုတာဗီအို၊ အိုလီဗီရာ၊ ဟာရဲယား တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မာနေး၊ ဖာမီနို၊ ဆာလက်၊ ဝစ်ဂျနယ်ဒယ်၊ ဟန်ဒါဆန်၊ မီနာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ပေါ်တိုအသင်းဟာ လီဗာပူလ်းအသင်းဂိုးမရရှိတဲ့ အချိန်ထိ အကောင်းဆုံးပုံစံနဲ့ လီဗာပူလ်းအသင်းဘက်ကို ထိုးဖောက် နိုင်ခဲ့ပါတယ်။ဂိုးပေးရပြီးနောက်ပိုင်းမှာတော့ ပေါ်တိုအသင်းဟာ ကစားကွက်ပျက်ပြီး ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

လီဗာပူလ်းအသင်းအတွက် အဖွင့်ဂိုးကိုတော့ မာနေးက ၂၅ မိနစ်မှာ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။နောက် ၄ မိနစ်အကြာမှာပဲ ဆာလက်က လီဗာပူလ်းအသင်းအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၅၃ မိနစ်မှာတော့ မာနေးက လီဗာပူလ်းအသင်းအတွက် ၃ ဂိုးမြောက် ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။၆၉ မိနစ်မှာတော့ ဖာမီနိုက လီဗာပူလ်းအသင်းအတွက် ၄ ဂိုးမြောက်ဂိုးကို ပိတ်သွင်းယူနိုင်ခဲ့ပါတယ်။လီဗာပူလ်းအသင်းအတွက် နောက်ဆုံးဂိုးကိုတော့ မာနေးက သူ့ရဲ့ ဟတ်ထရစ်ဂိုးအဖြစ် လှလှပပ ကန်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။