မြန်မာအနုပညာလောကရဲ့ ရေပန်စားမင်းသားကြီး မြင့်မြတ်ကို ပရိသတ်များ ကြိုက်ကြမယ်ထင်ပါတယ်။ သရုပ်ဆောင်ပီပြင်ပြီး အဆို၊ အငို ၊အလွမ်း ၊အဆွေး၊ အကြမ်း၊ အရမ်းစသည့်တို့ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်တက်သူတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိဇာတ်ကားတွေ ရိုက်ကူးနေပြီး အဆိုပါဇာတ်ကားများတွင်လည်း ပရိသတ်များ အားပေးမှုကို ရရှိနေဆဲ ဖြစ်ပါတယ်။

မနေ့ညက ရိုက်ကွင်းတစ်ခုမှာ သရုပ်ဆောင်ခဲ့တဲ့ မြင့်မြတ်ကိုတော့ သွင်မတူတဲ့ပုံစံတစ်မျိုးနဲ့ တွေ့မြင်ရတာပဲဖြစ်ပါတယ်။ သရုပ်ဆောင်ရာမှာ သူများနဲ့ မတူပဲ တမှုထူးခြားသူတစ်ယောက်လည်းဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်လုပ်ဆောင်နိုင်သူတစ်ယောက်လည်း ဖြစ်ကြောင်း သိရပါတယ်။ မနေ့ညက တွေ့ရတာကတော့ မြင့်မြတ်ကို ကျားတစ်ယောက်အနေနဲ့ပဲဖြစ်ပါတယ်။ 

သရုပ်ဆောင်ပီပြင်တဲ့ မြင့်မြတ်တစ်ယောက် ဒီတစ်ခါသရုပ်ဆောင်ခဲ့တာက အရင်လိုပုံစံမျိုးမဟုပ်တော့ ခက်ခဲမှုတွေရှိခဲ့မှာ သေချာပါတယ်။ မြင့်မြတ်ချစ်ပရိသတ်ကြီးအတွက် မနေ့ညက ရိုက်ကူးခဲ့တဲ့ မြင့်မြတ်ရဲ့ ဓာတ်ပုံများနှင့်အတူ မျှဝေပေးလိုက်ပါတယ်။

Source - Myint Myat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။