2018 ခုနှစ်ရဲ့ Valentine’s Day လေးမှာတော့ ပရိတ်သတ်တွေရော ပရိတ်သတ်ချစ်တဲ့ အနုပညာရှင်တွေတွေများစွာလည်း ပျော်ရွှင်ခဲ့ရတဲ့ နေ့လေးတစ်ရက်ဖြစ်မယ်ထင်ပါတယ်။ ချစ်သူခင်သူတွေကပေးတဲ့ ချောကလက်လေးတွေ ပို့စကတ်လေးတွေကြည့်ရင်း ဒီအချိန်လေးမှာကြည်နူးနေကြတဲ့ သူတွေလဲများစွာရှိကြမှာပါ။ Valentine’s Day ကိုအမျိုးမျိုးသောနည်းလမ်းတွေနဲ့ ကိုယ်စီကိုယ်စီဖြတ်သန်းကြတဲ့သူတွေများစွာထဲမှာမှ မိုးမန်နဲ့မေရတီဇော်တို့ရဲ့ ဖြတ်သန်းမှုလေးက အများနဲ့မတူပဲထူးခြားမှုတွေပြည့်နှက်နေပါတယ်။

ပရိတ်သတ်ချစ်တဲ့အနုပညာရှင်တွေဖြစ်တဲ့ မိုးမန်နဲ့ မေရတီဇော်ကတော့ လက်ရှိမှာ အောင်မြင်မှုနေရာလေးတစ်ခုမှာ အခိုင်အမာရပ်တည်နေတဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ချစ်သူသက်တမ်းကလည်းကြာမြင့်ပြီဖြစ်ပြီး တစ်ယောက်အပေါ်တစ်ယောက်အရမ်းချစ်ကြတဲ့စုံတွဲလေးတစ်တွဲလည်းဖြစ်ပါတယ်။Valentine’s မှာလူတိုင်းလိုလိုနီးပါးက surprise တွေလုပ်ပီး ချောကလက်တွေကျွေး ပို့စကတ်တွေပေးနေချိန်မှာတော့ သူတို့နှစ်ယောက်ကတော့ Gym ခန်းမမှာ အတူတူလေ့ကျင့်ရင်းအာကျစရာကောင်းတဲ့ Gym Goal လေးတစ်ခုကိုဖန်တီးခဲ့တာပဲဖြစ်ပါတယ်။

အားကစားခန်းမလေးတစ်ခုမှာ နှစ်ယောက်အတူ အပြုံးပန်းလေးတွေဝေဆာပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့သူတို့နှစ်ယောက်ရဲ့ ပုံစံလေးတွေက တကယ်အားကျစရာကောင်းလှပါတယ်။ surprise ဆိုတဲ့အရာလေးတွေကိုဘေးချိတ်ထားပြီး အချစ်စစ်အမှန်နဲ့ချစ်တဲ့သတို့နှစ်ယောက်အတွက်ကတော့ အတူရှိတဲ့နေ့ရက်တိုင်းက Valentine’s Day ပါပဲ။ ပရိတ်သတ်တွေခံစားသိရှိနိုင်ဖို့ video လေးကိုလဲတင်ဆက်ပေးလိုက်ပါတယ်။

source - Moe Man

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။