V-Dayမှာထူးဆန်းမှုတွေဖြစ်ခဲ့တဲ့ ဦးကျော်သူရဲ့အကြောင်းလေးကို ပရိတ်သတ်တွေဆီမျှဝေပေးချင်ပါတယ်။ ဝါရင့်သရုပ်ဆောင်ဦးကျော်သူဟာ ရုပ်ရှင်သရုပ်ဆောင် နှင့် ရုပ်ရှင်ဒါရိုက်တာအတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆု နှစ်ခု ရရှိထားတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တစ်ခုတည်းမဟုတ်ဘဲ လူဆင်းရဲများအတွက် လူမှုရေးလုပ်ငန်းများတွင် အချိန်များစွာ စိုက်ထုတ်နေသည့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်း၏ ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုပ်ရှင်အဖွဲ့သားများနှင့်အတူ ပုဂံမှာရိုက်ကူးရေးတွေ ပြုလုပ်နေပါတယ်။

မနေ့ကကျရောက်ခဲ့တဲ့ V-Dayမှာတော့ အသက်ရွယ်အားဖြင့်ကြီးရင့်နေပေမယ့် ထူးခြားမှုလေးတွေရှိခဲ့တယ်လို့သိရပါတယ်။ Vအိုကြီးတွေအတွက်... "V ချစ်သူများနေ့ကိုကြိုဆိုပါ၏"ဆိုပြီး Couple ပုံလေးတွေကို သူ့ရဲ့လူမှုစာမျက်နှာပေးမှာ တင်ထားပါတယ်။ ဦးကျော်သူကို Sunrise ဖြစ်စေခဲ့တဲ့ အကြောင်းတစ်ချို့လည်းရှိခဲ့ပါသေးတယ်။" V Day မှာ အဖိုးကြီးလည်း မုန့်တွေနဲ့ အရုပ်ရပါတယ်ဗျ။ မန္တလေးမြို့နေ မောင်ရှိုင်းမာန်အောင်ကV Day မှာပုဂံကိုမှတ်မှတ်ရရ အရုပ်ကလေးနဲ့မုန့်များအရောက်ပို့ခဲ့ပါသည်။ သားသားရှိုင်းပညာတတ်ကြီးဖြစ်ပြီးထူးချွန်ထက်မြက်တဲ့ပရဟိတသူရဲကောင်းကြီးဖြစ်ပါစေသား။ ဘဘကျော်သူ။"ဆိုပြီး အမှတ်တရ အကြောင်းအရာလေးတစ်ခုကို လည်းပရိတ်သတ်ကြီးဆီမျှဝေထားပါသေးတယ်။

ဥက္ကဋ္ဌ ဦးကျော်သူ တို့ဇနီးမောင်နှံဟာ ရန်ကုန်မြို့ ဧမာနွေလ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ Doctor of Humane Social Services ဘွဲ့နှင့် Master of Humane Social Services ဘွဲ့ကို အသီးသီး ချီးမြှင့်ပေးအပ်ခ့ထားရတဲ့ ဂုဏ်ယူစရာဇနီးမောင်နှံနှစ်ဦးလည်းဖြစ်ပါတယ်။ ကိုယ့်အကျိုးမငဲ့ဘဲ အများအကျိုးသယ်ပိုးနေတဲ့ ဦးကျော်သူတို့မိသားစု ဒီထက်မက ကျန်းမာပျော်ရွှင်အသက်ရှည်အနာကင်းတဲ့ ဘဝလေးပိုင်ဆိုင်ရရှိကြပါစေလို့ ချစ်တဲ့ပရိတ်သတ်တွေနှင့်အတူ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

source - Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။