အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် ကျောင်းသားဟောင်းတစ်ဦးက AR-15 ရိုင်ဖယ်တစ်လက်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါပစ်ခတ်မှုကြောင့် အနည်းဆုံး ၁၇ ဦးသေဆုံးခဲ့ပြီး ကျောင်းနာမည်ကတော့ Marjory Stoneman Douglas ဖြစ်တယ်လို့သိရပါတယ်။

ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ကျောင်းသားဟောင်းကတော့ အသက်၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နီကိုလပ်ခရုဇ် ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါကျောင်းသားကတော့ စည်းကမ်းမလိုက်နာသဖြင့် ကျောင်းကထုတ်ပယ်ခံလိုက်ရတဲ့ကျောင်းသားတစ်ဦးဖြစ်တယ်လို့လဲသိရပါတယ်။ချစ်သူများနေ့တွင် ထိုသို့ ဝင်ရောက်ပစ်ခတ်သည့် ခရုဇ်ကို အနီးရှိ ကိုရယ်စပရင်းမြို့ငယ်တွင် အသာလက်ရဖမ်းမိဖမ်းမိပြီး ထိခိုက်ဒဏ်ရာအနည်းငယ်ကြောင့် ဆေးရုံတွင် ထားရှိပေးထားတယ်လို့သိရပါတယ်။

ဖမ်းမိစဉ်မှာတော့အဆိုပါကျောင်းသာထံမှာ ကျည်ကတ်တွေများစွာပါရှိနေပြီး သေနတ်ကတော့ AR-15 ရိုင်ဖယ်တစ်လက်သာပါတယ်လို့သိရပါတယ်။ယခုနှစ်စတင်ချိန်မှစကာ ပစ်ခတ်မှုပေါင်း ၂၀ နီးပါး ဖြစ်ခဲ့သည့်အနက် တစ်ခုဖြစ်သည့် ယခုပစ်ခတ်မှုအရ အမေရိကန်နိုင်ငံအတွင်း လက်နက်ကိုင်အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေမှုကို မီးမောင်းထိုးပြလျက် ရှိနေတာဖြစ်တယ်လို့လဲသိရပါတယ်။

source -Mizzima

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။