နာမည်ကျော်သရုပ်ေ်ဆာင်တစ်ဦးဖြစ်တဲ့ ဆုအိမ့်စံတစ်ယောက် ပြီးခဲ့တဲ့ချစ်သူများနေ့မှာ ပရိတ်သတ်တွေအတွက် ဆုတောင်းစကားလေးေ ပြောခဲ့ပါတယ်။ ။ မနေ့ကချစ်သူများ နေ့မှာ ဆုဆုနဲ့ သူရိယတို့နှစ်ယောက်သား ဆင်တူအင်္ကျ ီလေးတွေနဲ့ ကြော်ငြာတူတူရိုက်နေ ရတယ်ဆိုတော့ အထူးတလည် ကျင်းပနေ စရာမလိုတော့တဲ့ ပျော်ရွှင်စရာချစ်သူများနေ့ လေးကို ပိုင်ဆိုင်သွားပြီပဲဖြစ်ပါတယ်။ အားကျ စရာကြီးနော် ပရိတ်သတ်ကြီး။ နှစ်ယောက် လုံးကလည်း အာင်မြင်တဲ့ အနု ပညာရှင်တွေဖြစ်ကြပြီး အားပေးချစ်ခင်တဲ့ပရိတ်သတ်တွေ လည်း အခိုင်အမာရရှိထားပါသေးတယ်။ နှစ်ယောက်အတူ တွဲဖက်သရုပ်ဆောင်တဲ့ ဇာတ်ကားတွေလည်း အများအပြားပါပဲ။

တစ်ယောက်နဲ့တစ်ယောက်က အရမ်းကိုချစ်ကြပြီး ပရိတ်သတ်အားကျတဲ့ စုံတွဲလေး တစ် တွဲပါ ပဲ။ နှစ်ယောက်သားရဲ့ ချစ်ခရီးလမ်းဟာလည်း အခုဆိုရင်တစ်နှစ်ကျော်ကာလကို တိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဆုဆုကို သူရိယက အရမ်းကိုဂရုစိုက်ပြီးချစ်ခင်တာမို့ သူမအနေနဲ့ အရမ်းကို စိတ်ချမ်းသာတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားတယ်လို့ဆိုပါတယ်။ ချစ်စရာ ကောင်းတဲ့ ချစ်သူစုံတွဲတစ်တွဲပါပဲ။ နှစ်ယောက်သားခရီးတွေအတူတူ ထွက်ကြပြီး အလှဆုံး ပုံရိပ်လေး တွေကို မှတ်တမ်းတင်တတ်ကြပါ တယ်။ လိုက်ဖက်လွန်းတဲ့သူတို့နှစ်ဦးရဲ့ ပုံရိပ်လေးတွေ ကို Instagram မှာတင်တတ်ပါသေးတယ်။

ဆုဆုက သူမရဲ့ Facebook မှာ " ချစ်သူများနေ့မှာ ချစ်သူတွေအားလုံးပျော်ရွှင်စွာနဲ့ ထာဝရ လက်တွဲနိုင်ပါစေ Single လေးတွေလည်း ကိုယ် Crushတဲ့သူပြန်Crushပါစေလို့ဆုမွန် ကောင်းတောင်းပေးလိုက်ပါတယ်" ဆိုပြီး ပရိတ်သတ်တွေအတွက် ဆုတောင်းစကားလေး ပြောခဲ့ပါသေးတယ်။ အဝါရောင်အင်္ကျ ီလေးကိုဝတ်ဆင်ပြီး အသည်းပုံဘောလုံးလေးကိုင် ထားတဲ့ ဆုဆုရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

Photo - Hse Eaint San's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။