V-Dayဟာ နိုင်ငံအသီးသီးရဲ့ လူငယ်တွေအကြားရေပန်းစားတဲ့ နေ့ရက်လေးတစ်ရက်ဖြစ်ပါတယ်။ ချစ်သူများနေ့လို့အများက သတ်မှတ်ကြတဲ့ဒီနေ့လေးမှာတော့ ချစ်သူစုံတွေတွဲဟာ အမှတ်တရလေးတွေဖန်တီးမှုပြုလုပ်ကြပါတယ်။ ဒါပေမယ့် တစ်ချို့သောချစ်သူစုံတွဲတွေကတော့ Feb-14ဟာ အများအတွက်ချစ်သူများနေပေမယ့် သူတို့အတွက်ကတော့ ချစ်သူနဲ့အတူရှိနေတဲ့ (၃၆၅)ရက်လုံးဟာ Valentine Day ဆိုပြီး ပြောကြပါတယ်။ 

မနေ့ကကျရာက်ခဲ့တဲ့ ချစ်သူများနေ့မှာတော့ အနုပညာရှင်တွေထဲက လူငယ်စုံတွဲများစွာဟာလည်း ဘယ်လိုလက်ဆောင်တွေရတယ်၊ ချစ်သူကဘယ်လို Surprise တွေဖန်တီးပေးတာကြောင့် ပျော်ရွှင်ခဲ့ရတယ်ဆိုပြီး လူမှုစာမျက်နှာပေါ်မှာ တင်ထားတာတွေ့ရပါတယ်။ ဒါပေမယ့်လည်း မော်ဒယ်သရုပ်ဆောင် ယွန်းမီမီကျော်လေးကတော့ V-Dayဟာ သူမအတွက်တော့ ထူးခြားတဲ့နေ့ရက်တစ်ရက်တော့မဟုတ်ပါဘူး။ ဖေဖော်ဝါရီ(၁၄)ကို တစ်ယောက်တည်းဘဲဖြတ်သန်းမှာပါ။ ဘုရားသွားဖြစ်မယ်လို့ပြောကြားခဲ့ပါတယ်။ 

ယွန်းမီမီကျော်ဟာ နာမည်ကျော်အဆိုတော်တစ်ဦးနဲ့ အချစ်ရေးတစ်ခန်းရပ်ခဲ့ပြီးနောက်မှာတော့ အချစ်သစ်ထပ်မံတွေ့ရှိခဲ့ပေမယ့် ပရိတ်သတ်တွေကိုတရားဝင်ချပြထားတာမျိုးတော့ မရှိခဲ့ပါဘူး။ အသက်ရွယ်တစ်ခုမှာ တည်ငြိမ်ရင့်ကျက်မှုရှိလာပြီဖြစ်တဲ့အတွက် မမြဲသောတရားတွေဖြစ်တဲ့ အချစ်ရေးကို ပရိတ်သတ်တွေရှေ့ချမပြဘဲ တကယ်အဆင်ပြေပြေချစ်နေဖို့ဘဲ လိုအပ်တယ်လို့ပြောလာပါတယ်။ ပရိတ်သတ်တို့ကော ယွန်းမီပြောတဲ့ အချစ်ရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို လက်ခံကြမယ်လို့ထင်ပါတယ်နော်။ ယွန်းမီကို ချစ်တဲ့ပရိတ်သတ်တွေ ပြိုင်ပွဲလေးတွေဝင်ပြိုင်ဖြစ်ရင် အားပေးကြပါအုံးနော်။

source - myanmar cele 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။