အသုံးပြုသူတွေရဲ့ လူမှုရေးအဆင့်အတန်းကိုသတ်မှတ်နိုင်တဲ့ နည်းလမ်း ကိုထိပ်တန်းလူမှုရေးကွန်ရက် Facebook ကရှာတွေ့သွားခဲ့ပြီလို့ ဆိုပါ တယ်။ ဒါဟာ Avocado Appreciation Society စာမျက်နှာမှာမှတ်ပုံတင် လာတဲ့ အဖွဲ့ဝင်တွေကို ပိုက်စိတ်တိုက် စစ်ဆေးတာထက်ကိုအများကြီး ပိုမိုရှုပ်ထွေးပါတယ်။ ဖေဖော်ရီလကထုတ်ပြန်ခဲ့တဲ့ မူပိုင်ခွင့်လျှောက်တင်လွှာအရတော့ Facebookဟာများမြောင်လှတဲ့အချက်အလက်တွေ အပေါ်မှာ အခြေခံပြီးတော့ တစ်စုံတစ်ယောက်ဟာအလုပ်သမားလူတန်းစားလား၊ လူလတ်တန်းစားလား၊ အထက်တန်းလွှာလားဆိုတာကိုဟောကိန်း ထုတ်နိုင်အောင် ဉာဏ်ရည်တု AI အယ်လ်ဂိုရစ်သမ်ကိုလေ့ကျင့်ပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာFacebookကလူတန်းစားဟောကိန်းကိရိယာကို တက်တက်ကြွကြွ သုံးနေပြီလားဆိုတာမကွဲပြားသေးပေမယ့်လည်း ပစ်မှတ်ထားကြော်ငြာဖို့အတွက် ၎င်းရဲ့ သန်း၂၀၀၀မျှသောအသုံးပြု သူတွေကိုလူမှုစီးပွားအတန်းအစားအုပ်စုတွေ ခွဲနေတယ်ဆိုတာတော့ သေချာပါတယ်။ ဥပမာFacebookရဲ့ အယ်လ်ဂိုရစ်သမ်ကလူတစ်ယောက်ဟာခရီးသွား လုပ်ငန်းကြော်ငြာတွေကိုလက်ခံနိုင်ခြေရှိမရှိဆိုတာကို မတူခြားနားတဲ့ နေရာတွေကပုံတွေကိုပို့စ်တင်ထားသလား၊ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက် တဲ့ ကြော်ငြာတွေကို ကြိုက်ပေး (like)ထားသလားဆိုတဲ့ အချက်တွေ အပေါ်မှာမူတည်ပြီးအကဲဖြတ်ပါတယ်။

ဒါ့အပြင် ဒီ AI အယ်လ်ဂိုရစ်သမ်ကလူတစ်ယောက်ရဲ့ လူတစ်ယောက်ရဲ့ ဒစ်ဂျစ်တယ်ခြေရာကိုလည်းလိုက်ကောက်သလို၊ဥပမာအားဖြင့်လူ တစ်ယောက်ဟာ Facebookကိုဖွင့်ဝင်သုံးနေတုန်းမှာ အပြင် ခရီးသွား ဝဘ်ဆိုက်တွေကို သုံးသလားဆိုတာကိုလည်းထောက်လှမ်းနိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါ လူတန်းစားအုပ်စုတွေဆီပစ်မှတ်ထားပြီးကြော်ငြာတွေ ပို့ဖို့အတွက် ခရီးသွားလုပ်ငန်းကုမ္ပဏီတွေကဖေ့စ်ဘုတ်ကိုအခကြေးငွေပေးရမှာပဲ ဖြစ်ပါတယ်။ အသုံးပြုသူတွေကသူတို့ရဲ့ တစ်ကိုယ်ရေလွတ်လပ်ခွင့်မူ အရသူတို့ကိုယ်တိုင် ကြော်ငြာတွေကိုဖယ်ရှားနိုင်မှာဖြစ်ပေမယ့်လည်း ဒီကြော်ငြာတွေကတော့Facebook ဝင်လိုက်တာနဲ့ ပွင့်ပြီးသားဖြစ်နေ လိမ့်မယ်လို့ ဆိုပါတယ်။ 

Source : Mobile Guide (Facebook) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။