အချစ်သီချင်းချိုချိုလေးတွေနဲ့ ပရိသတ်တွေ ရင်ထဲဝင်ရောက်လာခဲ့တဲ့ တေးသံရှင်ခင်ဘုဏ်းကတော့ လက်ရှိပရိသတ်တွေနဲ့ဝေးကွာနေခဲ့တာကြာပြီပဲဖြစ်ပါတယ်။ဂီတလောက ကနေအနားယူခဲ့တာကြာပြီး ဖြစ်တဲ့သူမကတော့ မိသားစုနဲ့အတူ နိုင်ငံခြားမှာ အခြေချနေထိုင်နေတာပဲဖြစ်ပါတယ်။ယခုတော့ မြန်မာ နိုင်ငံပြန်လည်ရောက်ရှိနေပြီ အနုပညာလုပ်ငန်းလေးတွေလည်း အလျဉ်းသင့်ရင်သင့်သလို လုပ်ကိုင်တော့ မှာပဲဖြစ်ပါတယ်။ 

ပရိသတ်တွေနဲ့ အကြာကြီးခွဲခွာနေပေမယ့် သူမကတော့အရင်တိုင်းလှပနေတုန်းပါပဲနော်။သူမကိုသတိရနေတဲ့ ပရိသတ်တွေအတွက်လည်း သူမရဲ့ လူမှုကွန်ယက်ကနေ ပုံလေးတစ်ချို့မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်။သူမ ကတော့ လက်ရှိပြင်ဦးလွင်ကို သွားရောက်လည်ပတ်နေတာဖြစ်ပြီး အရမ်းကိုလှပတဲ့ ပန်းခင်းကြီးနဲ့ ပုံလေးတွေ ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

လိမ္မော်ရောင်ပန်းခင်းကြီးထဲက နုပျိုလှပတဲ့ နတ်သမီးလေးလို့တောင် ချစ်ပရိသတ်တွေကတင်စားနေကြတာပဲ ဖြစ်ပါတယ်။ဟိုးအရင်တုန်းကအတိုင်း မပြောင်းလဲတဲ့ အလှပြိုင်ရှင်လေးပါပဲနော်။ သူမအရင်လိုပဲ တေးသီချင် လေးတွေ ပြန်ဆိုသွားအုန်းမယ်ဆိုရင်ရော ပရိသတ်တွေ အားပေးကြမှာလားပရိသတ်ကြီး???။ 

သတင်းအရင်းအမြစ် - ခင်ဘုဏ်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။