ပရိတ်သတ်တို့ရေ လူတွေမမြင်ရဘဲ လူ့ပတ်ဝန်းကျင်မှာ သွားလာနေထိုင်ကြတဲ့ တစှေ္ဆ၊သရဲတွေရှိတယ်ဆိုတာ ယုံကြည်ကြလား။ အဲဒီတစ္ဆေတွေရဲ့ ခြောက်လန့်မှုကိုရောခံဖူးကြလား ပရိတ်သတ်ကြီးတို့ရေ။ တစ္ဆေ၊သရဲတွေဆိုတာ ဘုရားဟောတရားထဲမှာပါတဲ့ အစွဲလန်းတစ်ခုကြောင့်မကျွတ်လွတ်နိုင်ဘဲ ချုပ်လှောင်ခံထားရသူတွေဖြစ်ပါတယ်။ တစ္ဆေ၊သရဲတွေဟာ လူတွေထက်နိမ့်ပါးပြီး သူတို့ဟာလူတွေကေါျးမှစားရပြီး၊ သူတို့အဲဒီဘဝကကျွတ်လွတ်ချင်ရင်တောင် လူတွေကအမျှတန်းဝေကုသိုလ်ကောင်းမှုပြုလုပ်ပေးမှ ဘဝကူးပြောင်းခွင့်ရတဲ့ သူတွေဘဲဖြစ်ပါတယ်။

ပရလောကသားတွေဟာ လူတွေမေ့လျော့ထားကြတဲ့ သူတွေဘဲဖြစ်ပါတယ်။ သိုပပေမယ့်လည်းပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့ ၊ အေးငြိမ်းရာဘာသာပေါင်းစုံသုသာန်တွင် ဖေဖော်ဝါရီ ၁၃ ရက်က အကျွတ်အလွတ်ပွဲတော်တတိယညအဖြစ် မကျွတ်မလွတ်သေးသူများကို အစားအသောက် ကျွေးမွေးခြင်းအလှူ ဒါနပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ "တကယ်တော့ ပရလောကမှာ မကျွတ်မလွတ်သေးတဲ့ ပုဂ္ဂိုလ် အားလုံးဟာ အမေ့ခံတွေ ။ အဲဒီအမေ့ခံတွေအတွက် ကျွန်တော်တို့က ဒီလိုမျိုး တစ်နှစ်တစ်ကြိမ်ကျင်းပ ပြုလုပ်ပေးခြင်းအားဖြင့် သူတို့တွေ ကျွတ်လွတ်ကြမှာ"ဟု ပွဲစီစဉ်သူ တွေကပြောကြားခဲ့ပါတယ်။ ထို့နောက် ည ၆ နာရီတွင် သတ်မှတ်ထားသောနေရာ၌ အမှောင်ချကာ သုသာန်စောင့်မြေဖုတ်ဘီလူးများနှင့် မကျွတ်မလွတ်သေးကြသူများကို ထမင်း ၊ ပဲဟင်း ၊ အမဲသားဆီပြန်ဟင်း ၊ သောက်ရေတို့ကို ကျွေးမွေးခဲ့ကြတယ်လို့ သိရပါတယ်။

သုသာန်မှ အုတ်ဂူများတွင်လည်း ဖယောင်းတိုင်မီးများ ၊ အမွေးတိုင်များ ထွန်းညှိပေးထား ပြီး ပွဲတော်အတွင်း ထူးခြားချက်များစွာရှိခဲ့တယ်လို့လည်းသိရပါတယ်။ ယခုလိုလှူဒါန်းမှုဟာ စုစုပေါင်းငွေကျပ်သိန်း ၅၀ ခန့်ကုန်ကျတယ်လို့လည်းသိရပါတယ်။ ၎င်း အကျွတ်အလွတ်ပွဲကို ပြည်မြို့တွင် ပထမဆုံး ပြုလုပ်ခြင်းဖြစ်ပြီး လာမည့်နှစ်များတွင်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများပြောကြားချက်အရသိရှိရပါတယ်။

source - mizima

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။