မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲ ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG အသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယအကျော့ကိုတော့ မတ်လ ၇ ရက်နေ့တွင် PSG အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။ဒါကြောင့် PSG အသင်းရဲ့ကြယ်ပွင့်ကစားသမား နေမာဟာ သေသေချာချာပြောလို့မရသေးပါဘူး။ဒုတိယအကျော့က ကျန်နေပါသေးတယ် လို့ သတိပေးပြောကြားခဲ့ပါတယ်။ 

PSG အသင်းဟာ ဦးဆောင်ဂိုးသွင်းယူထားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မိနစ် ၈၀ နောက်ပိုင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရတာကြောင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။ဒုတိယအကျော့မှာ နှစ်သင်းလုံးအတွက် အခွင့်အရေးတွေဟာတူညီစွာ ရှိနေသေးတာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းကလည်း PSG အသင်းရဲ့ အိမ်ကွင်းမှာယှဉ်ပြိုင်ရမှာ ခက်ခဲတယ်လို့ ဝန်ခံခဲ့တာလည်းဖြစ်ပါတယ်။

ပွဲအပြီးနေမာ ဟာ သတင်းထောက်တွေကိုဖြေကြားခဲ့ရာမှာတော့ "ရီးရဲလ်မက်ဒရစ်အသင်းကို အရှုံးမပေးပါဘူး။ဒုတိယအကျော့ကျန်နေပါသေးတယ် " လို့ သတိပေးခဲ့ပါတယ်။ဒါ့အပြင် PSG အသင်းကနေထွက်ခွာသွားမှာလားဆိုတဲ့ မေးခွန်အပေါ်မှာ နေမာက " ကျွန်တော်အသင်းနဲ့ စာချူပ်သက်တမ်းတွေအများကြီးကျန်ရှိနေပါသေးတယ်။လက်ရှိမှာ PSG အသင်းအတွက် အာရုံစိုက်ထားပါတယ်။ပြီးတော့ အသင်းမှာ ကစားရတာ ပျော်ဖို့ကောင်းပါတယ် " လို့ ဖြေကြားခဲ့ပါတယ်။

source - football cafe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။