အားကျပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ မော်လ်ဒယ်သရုပ်ဆောင် မင်းသမီး စမိုင်းလ်ကိုတော့ ချစ်သူများနေ့လေးမှာ ခင်ပွန်းဖြစ်သူက သူမအတွက် မထင်မှတ်ထားတဲ့ Surprise လေးကို ပြုလုပ်ခဲ့ပါတယ်..။

သူမလုံး၀ မထင်ထားတဲ့ ပြင်သစ်မျှော်စင်ကြီးပေါ်မှာ ညစာကို စီစဉ်ပေးခဲ့ကာ လက်ဆောင် ပန်းစည်းလေးနဲ့အတူ Valentine Day လေးကို ရိုမတ်တစ်ဆန်ဆန် ဖြတ်သန်းခဲ့ကြတာ ဖြစ်ပါတယ်..။

တစ်ခါမှ မရောက်ဖူးသေးတဲ့ ပြင်သစ်မျှော်စင်ကြီးပေါ်မှာ ညစာစီစဉ်ပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူကို ကျေးဇူးတင်စကားဆိုထားပြီး ကြည်နူးပျော်ရွှင်နေတဲ့ သူမတို့ ပုံရိပ်လေးတွေကိုလည်း စမိုင်းလ်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

“Romantic ဘယ်တော့မှ မဖြစ်ပါဘူးလို့ အမြဲပြောခဲ့သမျှ ဒီတစ်ခါ ပြန်ရုပ်သိမ်းပါတယ်.. ပြင်သစ်ရဲ့မျှော်စင်ကြီးပေါ်မှာ ညစာစီစဉ်ပေးတဲ့ မောင့်ကိုကျေးဇူးပါ.. ဒီလိုမျိုး စားရလိမ့်မယ်လို့ အိမ်မက်တောင် မမက်ဖူးပါဘူး.. မျှော်စင်ကြီးပေါ်ကိုလည်း ပထမဆုံးအကြိမ်ရောက်ဖူးခြင်း အရမ်းပျော်တယ်.. အမြဲချစ်ပါနော်..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

ဖေဖော်ဝါရီ(၁၄)ရက်နေ့က ကျရောက်ခဲ့တဲ့ ချစ်သူများနေ့လေးကတော့ သူတု့ဇနီးမောင်နှံတို့ရဲ့ မင်္ဂလာသက်တမ်း(၁၉)နှစ်ပြည့် အထိမ်းအမှတ်နှစ်ပတ်လည်နေ့လေးလည်း ဖြစ်တယ်လို့ သိရပါတယ်..။

စမိုင်းလ်တို့ဇနီးမောင်နှံကတော့ သူမတို့ရဲ့ မင်္ဂလာသက်တမ်း (၁၉)နှစ်ပြည့်အတွက်လည်း နာရေးကူညီမှုအသင်းကို အလှူငွေ (၁၉)သိန်း လှူဒါန်းခဲ့ပါသေးတယ်..။

Source - စမိုင်းလ် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။