V Day ကိုတစ်ယောက်တည်း ကုန်ဆုံးခဲ့ရတဲ့ FA ပရိသတ်ကြီးတွေရှိရင် အားမငယ်ပါနဲ့။ ပရိသတ်ကြီးအချစ်တော် မင်းသားချော ပိုင်တံခွန်ကလည်း လက်ရှိမှာ တစ်ယောက်တည်း ပျော်ရွှင်တက်ကြွစွာနဲ့ အလုပ်တွေလုပ်ရင်း V Day ကိုကုန်ဆုံးခဲ့တာပါ ။

အချစ်ရေးကိုတော့ အသည်းကွဲတဲ့ဒဏ်ကိုမခံစားနိုင်တာကြောင့် အခုထက်ထိတော့ ချစ်သူထား ဖို့ လုံးဝမစဉ်းစားဖြစ်သေးပါဘူးလို့ ဆိုပါတယ်။

လတ်တလောမှာ အဆုံးသတ်ခဲ့တဲ့ အချစ်ရေးအတွက် အထီးကျန်တဲ့ခံစားမှုများလည်း မခံစားရသလို တစ်ယောက်တည်းနေရတဲ့ ခံစားချက်ကိုပိုပြီး နှစ်သက်လာတယ်လို့ ဆိုပါတယ်။ ပရိသတ်များနဲ့ တရင်းတနှှီးနေထိုင်တက်တဲ့ သူက အနုပညာရှင်တွေထဲမှာ တမူထူခြားစွာပဲ ပေါ်လွင်နေသူလို့ ဆိုနိုင်ပါတယ်။

ပုံမတင်မနေရ လို့အမိန့်ထုတ်ထားတဲ့ သူပရိသတ်တွေကြောင့် ရောက်တဲ့နေရာတိုင်းမှာ ဓာတ်ပုံများရိုက်ကာ အချိန်တိုင်းမျှဝေပေးနေရပါတယ်။ ဒါတင်မကသေးပါဘူး၊ မှတ်ချက်များကိုလည်း တစ်ယောက်တည်းခြင်းဆီ ဂရုတစိုက်ပြန်လည်ပြော ဆိုတက် ပါသေးတယ် ။

ဒီလိုတွေချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုတွေရှိနေလို့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးအဖြစ် နာမည်ကြီးကာ အောင်မြင်နေတာပါ ပရိသတ်ကြီးရေ….

Source – Paing Takhon FB & Fashion Magazine Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။