အလွန်လူစိတ်ဝင်စားမှုများတဲ့ ဘိုလီးဗီးယားနိုင်ငံရဲ့ ပွဲတော်တစ်ခုဖြစ်တဲ့ ကာနီဗယ်ပွဲတော်ဆင်နွဲနေစဉ် အကြီးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ဘိုလီးဗီးယားနိုင်ငံ၊ အိုရူရိုမြို့မှာ ကာနီဗယ်ပွဲတော် ကျင်းပနေချိန် ဖေဖော်ဝါရီ ၁၅ ရက်နေ့ နှောင်းပိုင်းမှာ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့လို့ လူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဖောက်ခွဲသူတွေဟာ ခြောက်ပေါင်ခွဲကျော်တဲ့ ဒိုင်းနမိုက်တွေကို သုံးခဲ့တယ်လို့ ဘိုလီးဗီးယားရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ဆက်နွှယ်ပြီး ဘိုလီးဗီးယားနိုင်ငံသား သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းထားပါတယ်။

အခုပေါက်ကွဲမှုဖြစ်တဲ့ နေရာမှာ ပြီးခဲ့တဲ့ လေးရက်တုန်းကလည်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ ၈ ဦး သေဆုံးခဲ့ပါသေးတယ်။ 

အူရူရိုမြို့ဟာ မြို့တော် လာပက်ဇ်ကနေသွားရင် ၃ နာရီလောက်ကြာပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂ သိနး် ၆ သောင်း ၅ ထောင်မှာ ရှိပါတယ်။

အူရူရိုမြို့ဟာ ကာနီဗယ်ပွဲတော်ကြောင့် လူသိများပြီး ပွဲတော်ရက်အတွင်း လာရောက်လည်ပတ်သူတွေလည်း များပြားပါတယ်။ 

source - DVB tv news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။