မြန်မာနိုင်ငံရဲ့ သုံးတော်ငွေတစ်သောင်းတန်ရွက်နဲ့ ငါးထောင်တန်ရွက်တွေဟာ အတုထုတ်လုပ်သုံးစွဲမှု ပြသနာများဖြစ်ပေါ်နေပါတယ်။ ဒီနေ့မှာလည်း ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်းဈေး ကမ္ဘောဇဘဏ်ခွဲတွင် လာရောက်အပ်နှံခဲ့သည့် ငွေများထဲမှ ကျပ် ၁ သောင်းတန်အတု ၂၇ ရွက်နှင့် ကျပ် ၅ ထောင်တန်အတု ၈ ရွက်အား တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တွေ့ရှိခဲ့သည့် ငွေစက္ကူအတု ၃၂ ရွက်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်ထိ ကျောက်မြောင်း ဈေး ကမ္ဘောဇဘဏ်ခွဲတွင် လာရောက်အပ်နှံခဲ့သည့် ငွေများထဲမှ တွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ကျောက်မြောင်းကမ္ဘောဇဘဏ်မှ ငွေစက္ကူအတု ၃၂ ရွက်တွေ့ရှိခဲ့သဖြင့် ဘဏ်ခွဲမန်နေဂျာက ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ တာမွေမြို့မရဲစခန်းတွင် လာရောက်အပ်နှံခဲ့တယ်လို့သိရပါတယ်။“ ဒါတွေက ပုံမှန်လာအပ်နေကျပဲခင်ဗျာ။ ဘဏ်ကလာအပ်တာပေါ့။ အမှုဖွင့်ဖို့ဆိုတာကလည်း ဒီပိုက်ဆံအတု တွေက တစ်ယောက်တည်းဆီကနေ တွေ့တာမဟုတ်ဘူး။ လူတစ်ယောက်က သိန်းသုံးလေးရာ လာအပ်တယ်။ အဲ့ဒီထဲက တစ်ရွက်၊ နှစ်ရွက်ပါလာတယ်။ အဲ့ဒီဟာတွေကို သိမ်းပြီးတော့ လာကုန်ပြီဆိုရင် ဘဏ်တွေက ကျွန်တော်တို့ စခန်းတွေလာလာအပ်ပေးကြတာပါ”လို့ တာမွေမြို့မရဲစခန်းမှ ပြောကြားချက်အရသိရပါတယ်။ 

ဘဏ်များမှ လာအပ်သည့် ငွေစက္ကူအတုများကို တာမွေမြို့မရဲစခန်းမှ CID သို့ တစ်ဆင့်ပြန်လည် အပ်နှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေစက္ကူအတုတွေတွေ့ရှိပါက သက်ဆိုင်ရာမှလိုက်လံသိမ်းဆည်းပေမယ့် အခုချိန်ထိထပ်မံပေါ်ထွက်နေဆဲဖြစ်ပါတယ်။ ငွေစက္ကူအတုတွေထွက်ရှိမှုကြောင့် နစ်နာရသူအများအပြားရှိနေသည့်အတွက် ပရိတ်သတ်ကြီးတွေ အတု အစစ်ခွဲခြားနိုင်အောင် ပုံလေးနဲ့တကါဖော်ပြပေးလိုက်ပါတယ်နော်။

source - mizzima

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။