အမေရိကန်ရေတပ်ကတော့သမုဒ္ဒရာထဲမှာ ရန်သူ့ရေငုပ် သင်္ဘောများကိုအမဲလိုက်ရှာဖွေပေးနိုင် သည့် မောင်းသူမဲ့စစ်သင်္ဘောကြီးကိုစတင် အသုံးပြုတော့မည်ဖြစ်သည်ဟု သိရပါတယ်။ထိုစစ်သဘောၤကြီးကိုတော့ Sea Hunter လို့အမည်ပေးထားပြီး ၁၃၂ ပေ ရှည်တယ်လို့သိရပါတယ်။

ထိုစစ်သဘောၤကြီးကတော့ လူသားအမှုထမ်း တစ်ဦးမှသယ်ဆောင်မသွားဘဲ ပင်လယ် ပြင်တွင် မိုင်ပေါင်းထောင်နှင့်ချီအောင် သွားလာနိုင်တယ်လို့သိရပါတယ်။ ပင်လယ်ထဲကို တစ်ကြိမ်ထွက်လိုက်ပီဆိုတာနဲ့ သုံလကြာအောင်သွားလာနိုင်တယ်လို့လဲသိရပါတယ်။ထိုစစ်သဘောၤကတော့ တစ်နာရီ ရေမိုင်၂၇ မိုင်နှုန်းဖြင့်သွားလာနိုင်ပြီး ကင်မရာများ နှင့်ရေဒါများအသုံးပြုကာ ရန်သူ့ရေငုပ် သင်္ဘောများနှင့် စစ်သင်္ဘောများကိုရှာဖွေ ပေးနိုင်တယ်လို့လဲသိရပါတယ်။

အဆိုပါစစ်သဘောၤကြီးကိုတော့ အမေရိကန်ရေတပ်၏လက်ထဲသို့ လွှဲပြောင်းပေးအပ်ပြီးပြီဖြစ်ပြီး စတင်အသုံးပြုခဲ့မည်ဆိုပါက ရေငုပ်သ င်္ဘောရှာဖွေရေးမောင်းသူမဲ့ယာဉ်နှင့် ပေါင်း စပ်အသုံးပြုသွားမှာဖြစ်တယ်လို့ိသိရပါတယ်။ Defence Advanced Research Projects Agency က နှစ်နှစ်ကြာအောင် စမ်းသပ်ထုတ်လုပ်ခဲ့သည့်ဒီဇယ်အင်ဂျင် နှစ်လုံးတပ်မောင်းသူမဲ့စစ်သင်္ဘောတွင် လက်နက်တပ်ဆင်ထားခြင်းမရှိဘဲ ဒေါ် လာသန်း ၂၀ အကုန်အကျခံတည်ဆောက် ထားရတာဖြစ်တယ်လို့လဲသိရပါတယ်။

source - Pyi Myanmar


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။