ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ ဆယ်လီမလေး ဖြူဖြူထွေးကတော့ Valentine Day လက်ဆောင်လေးတွေကြောင့် အရမ်းပျော်မိတယ်လို့ ဆိုပါတယ်..။

မိုးကောင်း ပရိသတ်တွေက Valentine Day အမှတ်တရလက်ဆောင်လေးအဖြစ် ပန်းစည်း၊ ချောကလက်နဲ့ အရုပ်လေးတွေကို လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်..။

ပရိသတ်ကပေးတဲ့ V Day လက်ဆောင်ကြောင့် အရမ်းကို ပျော်ရွှင်တဲ့ပုံရိပ်လေးတွေကို ဖြူဖြူထွေးက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

“ကိုယ့်အတွက် ပရိပ်သတ်ပေးတဲ့ VD အမှတ်တရ.. အရမ်းပျော်မိပါတယ် နောက်လဲပြန်လည်တွေ့ဆုံးချင်ပါသေးတယ် မိုးကောင်းမြို့ကြီးရယ်..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးတစ်ယောက်ကတော့ လတ်တလောမှာ ကချင်ပြည်နယ် မြစ်ကြီးနား မိုးကောင်းကို ရောက်ရှိနေတာ ဖြစ်ပါတယ်..။

ပရိတ်သတ်တွေ ရယ်မောပျော်ရွှင်အောင် ဟာသဗီဒီယိုလေးတွေနဲ့ အမျိုးမျိုး သရုပ်ဖော်တင်ဆက်နေသူတစ်ဦးဖြစ်တဲ့ ကျောင်းသူလေး ဖြူဖြူထွေးကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရပါတယ်..။

Source - ဖြူဖြူထွေး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။