အလှအပအတွက် ထုတ်လုပ်ထားတဲ့ Mask တွေကို တော်တေ်ာ်များများလည်း အသုံးပြုဖူးမယ် ထင်ပါတယ်။ ဒါတွေက Spa သွားစရာမလိုပဲ မျက်နှာအသားအရည်ကို အချိန်တိုအတွင်း ထိရောက်စေပါတယ်။ ဒါပေမယ့် ကိုယ်သုံးလိုက်တဲ့ mask ဟာ အရည်အသွေးမြင့်တဲ့ပစ္စည်းဖြစ်ရမယ့်အပြင် သူမှာပါတဲ့ အညွှန်းတွေကိုလည်း သေချာစွာဖတ်ရှုဖို့ လိုပါတယ်။

အသက် (၂၂) နှစ်အရွယ် Genella Pabianes Carabbacan လို့ခေါ်တဲ့ အမျိုးသမီးငယ်လေး ကတော့ မျက်နှာအသားအရည်ကောင်းမွန်ဖို့အတွက် Face Mask တစ်ခုကိုအသုံး ပြုခဲ့ ပါတယ်။

မျက်နှာမှာလိမ်းကာ အချိန်ပြည့်လို့ ခွာချလိုက်တဲ့အခါမှာတော့ ရလဒ်က သူမကိုရင်ကွဲ ပတ်လတ် ဖြစ်စေခဲ့ပါတယ်။

သူမက Mask ကို ပုံထဲကအတိုင်း အားယူပြီးဆွဲခွာနေရတဲ့အပြင် နာကြင်လွန်းလို့ မျက်ရည် ကျနေခဲ့တာကိုလဲ တွေ့ရမှာပါ။

မျက်ခုံးနဲ့ ဆံပင်တို့ပေါ် မလိမ်းရဆိုတဲ့ အညွှန်းကိုသေချာမဖက်မိတဲ့ သူမက နောက်ဆုံးမှာ တော့ မျက်ခုံးမွှေးတစ်ဖက်လုံး ပြောင်တလင်းခါအောင် ဆုံးရှုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။

သူမကတော့ နောင်တတွေရနေပြီး သူမလိုမျိုးမဖြစ်အောင် သတိပေးတဲ့အနေနဲ့ သူမပုံတွေနဲ့ အတူ ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် Face Mask တွေကိုသုံးတဲ့အခါ အရည်အသွေးမြင့်ပစ္စည်းကို သေချာစွာ ရွေးချယ်ဝယ်ယူပြီး အညွန်းနဲ့ သတိပေးချက်တွေကိုလည်း သေချာစွာဖတ်ရှုဖို့ မမေ့ပါနဲ့နော် ။

Source – Genella Pabianes Carabbacan FB & Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။