၂နှစ်အရွယ်ကလေးအား မုဒိန်းကျင့်

သက်ငယ်မုဒိမ်းမှုများ သေဒဏ်ပေးပါ

တနင်္သာရီ တိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ် ၊ သဘော့ဆိပ်ကျေးရွာ၌ မိခင်ဖြစ်သူ မဝင်းဝင်းနိုင်သည် ဒီဇင်ဘာ ၁၀ ရက် ၊ ည ၉ နာရီအချိန်ခန့်က ခင်ပွန်းဖြစ်သူ ဦးမျိုးမြင့်ဦး မှာ အိပ်ပျော်နေသဖြင့် သမီးဖြစ်သူ မချမ်းသိင်္ဂမျိုး အသက် ၂ နှစ် အား ပုခက်ထဲတွင် သိပ်ထားရျ် သဘော့ဆိပ်ကမ်းခြေရှိ လက်ဘက်ရည် ဆိုင်တွင် လက်ဖက်ရည်သောက်ရင်း TV ကြည့်ပြီး ည ၁၁ နာရိအချိန်ခန့်က နေအိမ်သို့ပြန်လာခဲ့ရာ သမီးဖြစ်သူ မချမ်းသိင်္ဂမျိုး မှာ တစောင်းအနေအထားဖြင့် မိန်းမအင်္ဂါတွင် သွေးများပေနေပြိး မျက်လုံးပြူးပြီး ငြိမ်နေသည်ကိုတွေ့ရသဖြင့် တရွာတည်းနေ သူ နေအိမ်သို့ဝင်ထွက်သွားလာနေသော ချစ်ကို ၃၃ နှစ် ၊ ဘ၊ ကျော်လွင် ၊ ရေလုပ်သား ၊ မြောင်းပုလဲရပ် ၊ ထားဝယ်မြို့နေသူမှာ ပုတိုးမပါဘဲ အရက်မူးပြီး ကလေး၏ ဘေးတွင် အိပ်နေသည်ကိုတွေ့ရပြိး ကလေး၏ ဘေးတွင် ရေသန့်ဘူးဖြင့်ထည့်ထားသောဆီပုလင်းအားတွေ့ရသဖြင့် ရဲတပ်ဖွဲ့အား တိုင်တန်းခဲ့ရာ ချစ်ကို ၃၃ နှစ် အားဖမ်းဆီးရပြီး သမီးဖြစ်သူအား မှုခင်းဆေးစာဖြင့် ထားဝယ်ပြည်သူ့ဆေးရုံသို့ ပို့ပြီး ဆေးစစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။

Credit

တနင်္သာရီ ရဲ

မြိတ်သတင်းများစုစည်းရာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။