အချစ်ဆိုတာ ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေကို တပြိုင်နက်တည်း ယူဆောင်ပေးနိုင်တဲ့ အရာတစ်ခုပါ။ ချစ်သူသဘာဝ နှစ်ဦးသဘောတူချစ်ခင်လို့ လက်တွဲခဲ့ပေမယ့်လည်း အဆင်မပြေနိုင်တော့ဘူးလို့ ယူဆရတဲ့ ဆက်ဆံရေးကိုတော့ အချိန်မှှီရပ်စဲလိုက်တာဟာ နှစ်ဦးစလုံးအတွက် အဆင်ပြေမယ့် နည်းလမ်းတစ်ခုပါ။ သင့်ချစ်သူက ဒီအချက်တွေ တော်တော်များများနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ နည်းနည်းလောက်စဉ်းစားသင့်ပါပြီ။

(၁) မူမမှန်တော့တဲ့အချိန် ။

ပုံမှန်တွေ့နေကြ အချိန်တွေမှာ သူဘက်က ချစ်သူနှစ်ဦးအကြောင်းအရာတွေထက် တခြားအရာတွေကို ပိုပြီးပြောလာမယ်။ ဆန့်ကျင်ဘက်သဘောတွေပဲ လုပ်လာမယ်။ လူကြားထဲသွားဖို့ တွန့်ဆုတ်လာမယ်။

(၂) အချိန်ကုန်တယ်လို့ ထင်တဲ့အချိန် ။

ဖုန်းပြောတဲ့အချိန် ညဘက် Chat တဲ့အချိန်တွေကို အချိန်ကုန်တယ် မအားဘူးလို့ ထင်လာတာ တွေဟာ သူ့ဘက်ကဆက်ဆံရေးကို ပြောပြနေသလိုပါ။

(၃) မျက်ရည်ကျစေတဲ့အချိန် ။

ပျော်ပျော်ရွှင်ရွှင် တိုင်တိုင်ပင်ပင်နေချင်လို့ ချစ်သူထားပါတယ်ဆိုမှ မကြာခဏ မျက်ရည်ကျစေတယ်ဆိုရင် အဓိပ္ပာယ်တွေပြောင်းလဲလာနိုင်ပါတယ်။

(၄) စကားများတဲ့အချိန် ။

စိတ်ဆိုးစိတ်ကောက်တာကတော့ ရှိတက်စမြဲပါ။ ဒါပေမယ့်လည်း တွေ့တိုင်းစကားတွေများ နေမယ် သူ့ဘက်က အလျော့ပေးဖို့ ဝန်လေးလာမယ်ဆိုရင် တချက်လောက်တော့ သုံး သပ်သင့်ပါပြီ ။

(၅) ပွင့်လင်းမှုမရှိတော့တဲ့ အချိန် ။

ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတဲ့ အသေးစိတ်ကအစ ပြောတက်တဲ့ သူက ပြီးစလွယ်တွေ ပြောဆိုလာတဲ့အခါ ပွင့်လင်းမှုမရှိတော့ဘူးလို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းကိုမေးသင့်တဲ့အချိန်ပါ။

ဒီအချက်တွေနဲ့ တိုက်ဆိုင်နေပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တက်တာမို့ ဘာလို့လဲဆိုတာ နှစ်ဦးသားတိုင်ပင်ဆွေးနွေးကြည့်နော် ။ ဘာအရာမဆို သွေးအေးအေးနဲ့ အချိန်ယူစဉ်းစားတာအကောင်းဆုံးမဟုတ်လားး ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။