Miss တွေ Mister တွေ တော်တော်များများဟာ နိုင်ငံ့ကိုယ်စားမှုအနေနှင့် ပြည်ပကို သွားပြိုင်တဲ့အခါမှာ title ဆုကို ရရှိတာဟာ မရှိသလောက်ရှားပါတယ်။ များသောအားဖြင့် Special Award အထူးဆုတွေသာ ရကာပြန်ခဲ့ရတဲ့ သူတွေလည်းဒုနှင့်ဒေးပါဘဲ။ သို့သော်လည်း ပြောင်းလဲချိန်တန်လာတာနှင့် အမျှ နောက်ဆုံးတော့ ထိုင်း၊ နီပေါ၊ ဘရာဇီး၊ ဖိလစ်ပိုင် နိုင်ငံ တို့ကို ကျော်ဖြတ်ကာ မြန်မာနိုင်ငံ က အနိုင်ရရှိသွားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်ပြီးကတည်းက title ဆုကို ရရှိတဲ့သူက သူတစ်ယောက်တည်းဖြစ်မှာပါ။ သူဟာဆိုရင် ယခုလောလောဆယ် ရုံတင်နေတဲ့ မေထုန်ရာသီပွားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တစ်ဦး ဆိုရင်လည်းမမှားပါဘူး။ ဥက္ကာမင်းမောင်ဟာ ထို title ဆုအပြင် Best in Style And Fashion, Best in Tourism Speaker, Social Media Icon အစာရှိတဲ့ ဆု သုံးဆု ကိုပါရရှိခဲ့ပါတယ်။

သူ့ရဲ့ အင်တာဗျူးမှာ ပြထားတဲ့ ဗီဒီယို အရ သူဟာ အင်္ဂလိပ်လို ပြောတာ ပီသပြီး အရည်အချင်းရှိတဲ့ သူလို့လဲဆိုလို့ရတဲ့ အပြင် ဒိုင်လူကြီး တွေကပါ ဘယ်ဆု လိုချင်လဲ လို့ မေးရတဲ့ အထိတော်တဲ့ တစ်ယောက်ပါ။ အရပ်အမောင်၊ ခန္ဓာကိုယ်က အစ အခြားMister တွေကို ယှဉ်နိုင်တဲ့ သူဖြစ်တဲ့ အတွက် ဒို့နိုင်ငံ က Mister တွေ စကေးကြမ်းလာပြီဆိုပြီး ပြောရတဲ့ အထိ ဖြစ်လာပါတယ်။ အနိုင်ရရှိခဲ့တဲ့ အတွက်ကြောင့် အင်တာဗျူးတွေဖြေနေရတာ မအားမလပ်ဘူးလို့လဲသိရပါတယ်။ တစ်ချို့တစ်ဝက် ကတော့ Miss တွေ အသုံးမကျဘူးဆိုဘူး ဒေါသထွက်နေလေရဲ့။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။