?မနေ့က Casio ပွဲမှာ ဓာတ်ပုံရိုက်တာ

လူဘယ်နှစ်ရာလောက်တောင်ရှိမလဲ မသိဘူး

မောတယ်တောင်မထင်မိပါဘူး

အစကတည်းက ဓာတ်ပုံရိုက်ပွဲလို့ ကြေငြာထားပြီး

ဓာတ်ပုံရိုက်ဖို့ အားမွေးပြီးလာတာ

ပြီးတော့ တွေ့ဆုံပွဲရယ်လို့ စီစဉ်ထားပြီးတော့

ပျော်ပျော်ပါးပါးဆုံကြဖို့လာတာ ဆိုတော့

စိတ်ထဲမှာ ပျော်တောင်ပျော်သေးတယ် (မနေ့ကပွဲလာတဲ့သူတွေမေးကြည့်)

?မနေ့က 808မှာလည်း တစ်ညလုံးကွင်းထဲမှာပဲနေတာ တွေ့တဲ့သူနဲ့ တွဲရိုက်တာဘဲ

အပျော်သွားတာဆိုတော့ ဘာ ဖိအားမှ မရှိဘူး

အားလုံးနဲ့ တူတူပျော်

အပြင်မှာ ပန်းခြံမှာ ကန်ဘောင်မှာ ပလာဇာမှာ centreမှာ လက်ဖက်ရည်ဆိုင်မှာ

ကိုယ့်ကိုအသိအမှတ်ပြု ချစ်ခင်လို့ရိုက်တာ

အေးဆေး

?တခါတလေ လက်မှတ်ထိုးပွဲ အခွေထွက်ပွဲတွေမှာလဲ အဲလိုပဲ အစကတည်းက နှုတ်ဆက်ဖို့ လက်မှတ်ထိုးဖို့

ဓာတ်ပုံရိုက်ဖို့ ပြင်ဆင်လာတာ

ဓာတ်ပုံ ထောင်နဲ့ချီလည်း ရိုက်တာပဲ

ပင်ပန်းတယ်လည်း မထင်ပါ ကိုယ့်ကိုလာအားပေးတာကိုး ပွဲပြီးမှ အိပ်ရာထဲလဲရော

ဒိတ်ဒိတ်ကြဲ DVD တုန်းကဆို ဖျားပါဖျားတယ် ၃ရက်လောက်ကို မှောက်သွားတာ

ဖျားပေမယ့်လည်း တွေးတွေးပြီး ကြည်နူး

?အဲ စတိတ်ရှိုးကျရင်တော့ တစ်မျိုးဖြစ်သွားပြီ

ပွဲမစခင် တချိန်လုံး စိတ်တွေလှုပ်ရှား တခါတခါ ပျို့ပါပျို့တယ် အနီးစပ်ဆုံး ဥပမာပေးရရင် စာမေးပွဲခန်း ဝင်ခါနီးလိုဘဲ ဘာမှမမြင်တော့ဘူး

ပွဲမဆိုခင် ဓာတ်ပုံလာရိုက်လို့ရှိရင် ကျနော် ရုပ်တည်ကြီးနဲ့ ဘယ်လိုမှ မပြုံးနိုင်တာ သတိထားမိပါလိမ့်မယ် ဖိအားနဲ့ Stress နဲ့ တအားများနေတာကိုး

အဲ့အချိန်ဆို ဓာတ်ပုံလည်းမရိုက်ချင်ဘူး ဘာမှလည်းမလုပ်ချင်ဘူး အကောင်းဆုံးဖျော်ဖြေချင်တာပဲရှိတယ်

စိတ်ကိုငြိမ်အောင် ကြိုးစား အကြောလေးဘာလေးလျှော့ အသက်ဝဝရှူ

?ပွဲဆိုပြီးရင်တော့ ဖိအားတွေအားလုံးလျော့သွားပြီ စိတ်လည်းပေါ့ပါးသွားပြီ ဒါပေမဲ့ လူလည်းမျော့နေပြီ ကျနော်တို့ပွဲဆိုတယ်ဆိုတာ ဒီတိုင်းငြိမ်ငြိမ်လေးဆိုတာမျိုး မဟုတ်ဘူးလေ

ခုန်ပေါက်ပြေးလွှားကခုန်

၄၅မိနစ်ဆိုတယ်ပဲ ထားပါတော့ အဲဒါ ဘောလုံးပွဲ တစ်ပိုင်းစာရှိပါတယ် ကျနော်တခါတလေ ၁နာရီခွဲဆိုတယ်

မွေးနေ့ရှိုးဆို ၄နာရီ ဆက်တိုက်

ဘယ်လိုတွေ ဘတ်လဘိုင်လိုက်နေမလဲ စဉ်းစားကြည့်တော့

ဆိုတော့ ပွဲပြီးချိန်မှာ ပြုံးပြုံးရွှင်ရွှင်ဓာတ်ပုံရိုက်ဖို့ တကယ်မလွယ်ပါ

?ဘာရယ်ဟုတ်ဘူးဗျာ

ကျနော့်ကို ချစ်တဲ့ပရိသတ်တွေ ကျနော့်ကို ပိုပြီးတော့ နားလည်စေချင်လို့ပါ

ဘာလိုလိုနဲ့ နှစ်သစ်ကူးတော့မယ်

အားလုံး ပျော်ရွှင်ကြပါစေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။