ဘက်ခမ်းဝယ်ယူဖို့ စီစဉ်နေတဲ့ ပေါင် သန်း 160 တန် အိမ် (The Manor)

ကမ္ဘာကျော် နာမည်ကြီး ဇနီးမောင်နှံအတွဲဖြစ်တဲ့ ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ဟာ သူတို့ရဲ့ လက်ရှိသားသမီး 4 ယောက်အတွက် နေရာ ပိုမိုကျယ်ဝန်းတဲ့ အိမ်သစ်တစ်လုံးကို ရှာဖွေနေခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း လော့စ်အိမ်ဂျယ်လိစ်က ပေါင် သန်း 160 တန် အိမ် The Manor ကို ဝယ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပါတယ်။

The Manor ဟာ လော့စ်အိန်ဂျယ်လိစ် တစ်ဝိုက်မှာတော့ အကြီးမားဆုံး အိမ်တစ်လုံးအဖြစ် မှတ်တမ်းဝင်ထားပြီး ရေကူးကန်၊ တင်းနစ်ကွင်းတွေအပါအဝင်၊ စုစုပေါင်း 4.6 ဧက ကျယ်ဝန်းကာ၊ ရေချိုးခန်း 27 ခန်၊ အိပ်ခန်း 14 ခန်းနဲ့ စုစုပေါင်း အခန်း 123 ခန်းအထိ ပါဝင်တယ်လို့ သိရပါတယ်။

ဘက်ခမ်းနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကတော့ ဒေသတွင်း မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ " The Manor က ဒေးဗစ်တို့ လိုချင်တဲ့ပုံစံတွေ အားလုံး ရှိနေပါတယ်။ ပို့ရှ်ကိုယ်တိုင်ကလဲ The Manor ကို သဘောကျနေတာပါ။ နေရာအနေအထားကတော့ သူတို့လို နာမည်ကျော်ကြားပြီးသူတွေအတွက် သိပ်စိုးရိမ်စရာမလိုပါဘူးလို့" ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Source: Sports Myanmar ( Daily Mail)

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။