ယနေ့ ဖေဖော်ဝါရီ(၁၆)ရက်နေ့လေးကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသားချော တစ်လက်ဖြစ်တဲ့ Kim Soo-hyun ရဲ့ အသက်(၃၀)ပြည့် မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

မင်းသားချော Kim Soo-hyun ကို (၁၉၈၈) ဖေဖော်ဝါရီ(၁၆)ရက်နေ့လေးမှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်..။

Kim Soo-hyun ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အကောင်းဆုံး အနုပညာရှင်တွေထဲက တစ်ဦးဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုများစွာကိုလည်း ရရှိပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်..။

သူ့ရဲ့ ဇာတ်ကားတော်တော်များများနဲ့ ဇာတ်လမ်းတွဲတော်တော်များဟာ ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲတွေထဲမှာ ထိပ်တန်းကနေ အရမ်းကို ရေပန်းစားခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်..။

မင်းသားချောလေး Kim Soo-hyun ကတော့ လတ်တလောမှာ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နေတာ ဖြစ်တဲ့အတွက် သူ့ရဲ့ မွေးနေ့ရက်လေးကို စစ်တပ်ထဲမှာပဲ ဖြတ်သန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

မင်းသားချောလေး Kim Soo-hyun ကတော့ ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ် အောက်တိုုဘာ(၂၃)ရက်နေ့က စတင်ပြီူ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ခဲ့တာဖြစ်ပြီး လာမယ့် (၂၀၁၉)ခုနှစ် ဇူလိုင်(၂၂)ရက်နေ့လေးမှာ စစ်မှုထမ်းတာဝန် ပြီးဆုံးမှာ ဖြစ်ပါတယ်..။

Source - Wiki

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။