ခေတ်လူငယ်အကြိုက် အမိုက်စားဟစ်ဟော့သီချင်းတွေကို သီဆိုတက်တဲ့ အဆိုရှင်ကတော့ Ar –T လှပလွန်းတဲ့ ညောင်ဦးဖီးကျွန်းမှာ အပျော်ကြီးပျော်ခဲ့ပါတယ် ပရိသတ်ကြီးရေ ။

MV ရိုက်ကူးရေးတစ်ခုအတွက် သွားရောက်ခဲ့တဲ့သူတို့က ထိုင်းမင်းသမီးချောလေး Korravee ဆိုတဲ့ သူမလေးနဲ့အတူ ရိုက်ကူးခဲ့တာပါ။

ရိုက်ကူးရေးနားတဲ့အခါမှတော့ သူတို့က ပရိသတ်ကြီးအံ့သြသွားလောက်အောင် ချစ်ဖို့ကောင်းနေ တဲ့ ဓာတ်ပုံလှလှကလေးတွေကို ရိုက်ကူးခဲ့ပါတယ်။

Ar-T က ထိုင်းမင်းသမီးချောလေးကို ကုန်းပိုးထားတာ ပင်လယ်ပြာကြီးကို နောက်ခံထားပြီး နှစ်ဦးသားပြုံးပျော်နေတဲ့ ပုံကလေးတွေက တကယ်ကိုချစ်စရာကောင်းပါတယ်။

လူတစ်ယောက်အကြောင်းသိချင်ရင် ခရီးသွားကြည့်ဆိုတဲ့ အတိုင်းပဲ လူမျိုးခြားဖြစ်နေ ပေမယ့်လည်း ပျော်ပျော်နေတက်တဲ့အပြင် ရိုက်ကူးရေးတစ်ဖွဲ့လုံးကိုလည်း အချိန်တိုင်း ရယ်မောနေရအောင် ထားတက်သူပါလို့ ရေးသားထားပါသေးတယ် ။

ထူးခြားတဲ့အသံနဲ့အတူ အကအလှတွေနဲ့ ပရိသတ်ရဲ့စိတ်ကိုမြူးကြွသွားအောင် ဖမ်းစားနိုင်သလိုပဲ နှစ်စဉ်ပြုလုပ်နေကြဖြစ်တဲ့ Count Down ပွဲတွေမှာလည်း သူကမပါမဖြစ်ပါ။

ဒါကြောင့်လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ အားကျရအောင် မိုက်နေတဲ့ သူတို့နှစ်ယောက်ရဲ့ အပြတ်လန်းနေတဲ့ ပုံကလေးတွေကို ပြန်လည်မျှဝေပေးလိုက်တယ်နော် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။