နာမည်ကျော်များဖြစ်ကြတဲ့ ရွှေထူး၊ စန္ဒီမြင့်လွင်၊ ပိုပို၊ မိုးစက်ဝိုင်နဲ့ အော်န်ဆိုင်းတို့ Surf's up Myanmar Party ပွဲကို တက်ရောက်လာကြတာဖြစ်ပါတယ်။ အေးဆေးပဲဆိုတဲ့ အင်္ကျ ီလေး တွေနဲ့ အပြတ်ကိုလန်းနေကြတဲ့ ဆယ်လီတွေရဲ့ပုံရိပ်ကတော့ တကယ့်ကိုပျော်စရာကြီးပါ။ အလန်းစားပုံရိပ်တွေ ရိုက်ကူးပြီး အပျော်ကြီးပျော်နေတဲ့ သူတို့ရဲ့ပုံရိပ်တွေက တကယ်ကို ကြည်နူးစရာကောင်းလှပါတယ်။ တရုတ်နှစ်သစ်ကူးမှာ ဖွင့်လှစ်တဲ့ဆိုင်လေး ဖြစ်ပြီး Surfing ဝါသနာပါတဲ့ ပရိတ်သတ်တွေ လုံးဝကိုကြွေဆင်းသွားလောက်အောင် ဆိုင်အပြင်အဆင် လန်ထွက်လွန်းနေပါတယ်။

ဆိုင်အတွင်းပိုင်းမှာလည်း အေးဆေးပဲဆိုတဲ့ စာတန်းနဲ့အတူ Surfing နဲ့သက်ဆိုင်တဲ့ အရာ တွေကို အလှဖော်ပြီးထားတာမို့ ဝါသနာတူတွေအတွက်တော့ တကယ့်ကို ပျော်စရာအခိုက် အတန့်ကိုရရှိမှာ အသေအချာပါပဲ။ ဝါသနာဆယ်လီတွေကလည်း ဆိုင်ဖွင့်ပွဲကိုလာရောက် အားပေးခဲ့ကြပါတယ်။ မြိုင်မြိုင်ဆိုင်ဆိုင်လေး အထမြောက်သွားတဲ့ ဆိုင်ဖွင့်ပွဲလေးပါပဲ။

ဆယ်လီတွေကလည်း ပျော်ပျော်ပါးပါးတက်ရောက်ခဲ့ကြပြီး အမှတ်တရဓာတ်ပုံတွေရိုက်ကူး ခဲ့ကြပါတယ်။ ရွှေထူး၊ စန္ဒီမြင့်လွင်၊ ပိုပို၊ မိုးစက်ဝိုင်နဲ့ အော်န်ဆိုင်းတို့ရဲ့ ဆိုင်ဖွင့်ပွဲမှာ အပျော် ကြီးပျော်နေကြတဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။ ပရိတ်သတ်ကြီးလည်း Surfing ဝါသနာပါတယ်ဆိုရင် ဒီဆိုင်လေးကိုတစ်ခေါက်လောက်သွားပြီးလေ့လာကြည့်ပါဦး လို့ အကြံပြုပေးလိုက်တယ်နော်။

Photo - Sandi Myint Lwin / Awn Seng / Moeset Wine/ ဝတ်ရည်မိုး 's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။