နာမည်ကျော်မင်းသားတစ်ဦးဖြစ်တဲ့ နေဒွေးတစ်ယောက် သူဖွင့်ထားတဲ့ Page ကို ခိုးယူပြီး အလှကုန်ပစ္စည်းတွေရောင်းချနေခြင်းကို Report ထုခိုင်းခြင်းဖြင့် ပရိတ်သတ်တွေကို အကူအညီတောင်းလိုက်ပါတယ်။ အောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်ပြီး နှုတ်ခမ်းနီမ လေးတွေရဲ့ အသည်းကျော်လေးတစ်ဦးဆိုလည်းမမှာပါဘူး။ ရှုတင်တိုင်းကို မိခင်ဖြစ်သူက လိုက်လေ့ရှိပြီး အမြဲတမ်းအနီးကပ်ရှိနေကြတဲ့ သားမိနှစ်ယောက်ရဲ့ ပုံရိပ်တွေက တကယ်ကို ကြည်နူးစရာကောင်းလှပါတယ် ပရိတ်သတ်ကြီးရေ။ မိခင်ဖြစ်သူရဲ့စကားကိုလည်း အမြဲတမ်း နားထောင်တတ်တဲ့ သားလိမ္မာလေးတစ်ဦးလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ နေဒွေးတစ်ယောက် မေမြို့မှာ " ရွှေမိုး ငွေမိုး ပြည့်လျှံဖြိုး " ဆိုတဲ့ဇာတ်ကား လေးကို ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ သဘာဝကျကျ သရုပ်ဆောင်တတ်တဲ့ မင်းသားမို့ ပရိတ်သတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားပြီး အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတာပဲဖြစ်ပါတယ်။ အနုပညာရှင်တွေအနေနဲ့ ပရိတ်သတ် တွေနဲ့ ပိုမိုရင်းနှီးဖို့အတွက် ဖွင့်လှစ်ထားတဲ့ fun page ကို ခိုးယူပြီး မသမာတဲ့စိတ်နဲ့ အလှကုန် တွေရောင်းနေတာကြောင့် နေဒွေးက ပရိတ်သတ်တွေကို report ထုခိုင်းလိုက်ပါတယ်။

နေဒွေးက သူ့ရဲ့ Facebook မှာ " Page ကိုခိုးသွားပီး အလှကုန်ပစ္စည်းတွေရောင်းနေတယ်။ Report ဝိုင်းသမပေးကြပါလို့ " ဆိုပြီး ပရိတ်သတ်တွေကို Report ထုဖို့အကူအညီတောင်း လိုက်တာပဲဖြစ်ပါတယ်။ နေဒွေးရဲ့ပရိတ်သတ်တွေကလည်း တက်ညီလက်ညီပဲ ကူညီပြီး Report ထုပေးခဲ့ကြပါတယ်။

Photo - Nay Dway's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။