လူမှုစာမျက်နှာထက်မှာ ဟာသဗီဒီယိုလေးတွေ ရိုက်ကူးတင်ဆက်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာသူတွေထဲမှာ ဂျိုကာ တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ နာမည်အရင်းကတော့ ဝေယံထွန်းမင်းဖြစ်ပြီး ပရိသတ်တွေကြားမှာတော့ ဂျွီး ဆိုပြီး နာမည်ကြီးတဲ့ ဂျိုကာဟာ နာမည်ကြီး အဆိုတော် ရဲလေးရဲ့ ညီဖြစ်တယ်လို့လည်း သိရပါတယ်။ 

ဂျိုကာဟာ လက်ရှိမှာ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပြီဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားသူလည်း ဖြစ်ပါတယ်။Facebook followers ငါးသိန်းကျော် ရှိနေပြီး ပရိသတ်တွေနဲ့ အမြဲ ရင်းနှီးစွယနေထိုင်တတ်သူတစ်ဦးဖြစ်ကြောင်းကိုလည်း သူ့ရဲ့ လူမှုစာမျက်နှာကတဆင့် သိရပါတယ်။ နာမည်ကြီး တစ်ယောက်ဖြစ်တဲ့အတွက် သူ့ရဲ့ အချစ်ရေးဟာလည်း ပရိသတ်တွေကြား စိတ်ဝင်စားစရာ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ 

ဂျိုကာတစ်ယောက်ကတော့ ချစ်ရမယ့်သူရှိလို့နေပါပြီ ပရိသတ်ကြီးရေ။ သူ့ရဲ့ intsagram အကောင့်မှာတော့ ချစ်သူကောင်မလေးနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို မကြာခဏတင်ပေးတာတွေ့ရပါတယ်။ သို့ပေမယ့် ချစ်သူကောင်မလေးရဲ့ မျက်နှာကိုတော့ ဖော်ပြခြင်းမျိုးမရှိသေးဘဲ ပရိသတ်တွေကတော့ ဘယ်သူဖြစ်မလည်းဆိုတာကို စိတ်ဝင်စားလို့နေကြပါတယ်။

Photo : Jokergyi's instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။