ပြည်သူချစ်လူရွှင်တော်ကြီးတစ်ယောက်ဖြစ်ခြဲ့ပီး ပြည်သူတွေကို ဟာဒယရွှင်ဆေး တိုက်ကျွေးခဲ့တဲ့ လူရွှင်တော်ကြီး ဦးစိန်ရိုးကတော့ အသက်အရွယ်ကြီးရင့်လာတဲ့အပြင် ကင်ဆာရောဂါပါ ခံစားနေရတာမို့ လှုဒါန်းမှုတွေနဲ့ အသက်ဆက်နေရတယ်လို့ အင်တာဗျူးတစ်ခုမှာဖြေဆိုခဲ့တာကို မြင်ရတဲ့သူတွေအားလုံး စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ် ။ သဘင်အသိုင်းအဝိုင်းကလည်း လှုဒါန်းမှုတွေရှိတဲ့ အပြင် ခုရုပ်ရှင်လောကကပါ ဦးစိန်ရိုးအတွက် လှုဒါန်းမှုတွေ ပြုလုပ်ပေးခဲ့ပါတယ် ။ နာမည်ကျော်မင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ နှင်းဆီအဖွဲ့ကတော့ နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်းကတဆင့် ကျပ် ၁၀ သိန်းတိတိကို လှုဒါန်းခဲ့တယ်လို့ ဦးမျိုးမင်းက သူ့ရဲ့ လူမှုကွန်ယက်ကနေ

" ကင်ဆာရောဂါခံစားနေရတဲ့လူရွှင်တော်ဦးစိန်ရိုးအား

နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်းမှ ၁၅.၂.၂၀၁၈ နေ့တွင်.....

ကျပ်၁၀သိန်းတိတိကိုလှူဒါန်းခဲ့ပါတယ်။ " လို့ ပရိတ်သတ်တွေ သာဓုခေါ်နိုင်အောင် မျှဝေပေးထားပါတယ် ။ 

သူတို့က ဦးစိန်ရိုးအပြင် လူရွှင်တော် ဦးမိုးဒီ အတွက်ပါ အလှုငွေများ လှုဒါန်းပေးခဲ့ပါသေးတယ် ။ 

နှင်းဆီအဖွဲ့ကို ဒါရိုက်တာ ဦးမျိုးမင်း ( ရင်တွင်းဖြစ် ) က ဦးဆောင်ပြီး နာမည်ကျော် မင်းသားတွေဖြစ်တဲ့ နေတိုး ၊ ကျော်ကျော်ဗိုလ် ၊ ရဲလေး ၊ ထွန်းထွန်း ၊ မင်းမော်ကွန်း တို့နဲ့ အတူ ပါ၀င်လှုပ်ရှားနေတာဖြစ်ပြီး နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်း ကို တည်ထောင်ကာ အကူအညီလိုအပ်သူများကို ကူညီပေးနေတာပဲဖြစ်ပါတယ် ။  

သတင်းအရင်းမြစ် U Myo Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။