စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်အကြား ၊ မုံရွာဂေါက်ကွင်း၏ အရှေ့မြောက်ဘက်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဒီဇင်ဘာ ၁၂ ရက် မနက် ၁ နာရီအချိန်ခန့်က မုံရွာအခြေစိုက် သတင်းထောက်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရကြောင်း မုံရွာမြို့မရဲစခန်းက အတည်ပြုပြောကြားလိုက်သည်။

‘ သေဆုံးသူက Elevel သတင်းထောက် ကိုစိုးမိုးထွန်း ဖြစ်တယ် .. ဦးခေါင်းပေါက်ပြဲ နဲ့ မျက်နှာ ညိုမဲဖုယောင် ဒဏ်ရာများနဲ့ သေဆုံးနေတာပါ.. ’’ ဟု မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့်မှ ဆိုသည်။ ယင်းဖြစ်စဉ်အား မုံရွာမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး

အဆိုပါ ပြစ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာမြို့ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချင်းစိန်မှ ညတွင်းချင်း မှုခင်းဖြစ်ပွားသည့်နေရာသို့ လာရောက်ကာ အမှုမှန် အမြန်ဆုံး ပေါ်ပေါက်နိုင်ရေးအတွက် အပူတပြင်း ဆောင်ရွက်လျက်ရှိသည်။

လုပ်ကြံသတ်ဖြတ်ခံရသည့် သတင်းထောက် ကိုစိုးမိုးထွန်းသည် ယခင်က Hot News ဂျာနယ်တွင် မုံရွာအခြေစိုက် သတင်းထောက် လုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီးနောက် လွန်ခဲ့သော နှစ်က Weekly Elevel နေ့စဉ် သတင်းစာတွင် မုံရွာအခြေစိုက် သတင်းထောက်အဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။

ကိုတိုးကြီး

#credit- ko toe gyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။