အနုပညာရှင်တွေရဲ့ ပရိတ်သတ်အများစုက သူတို့ရဲ့ အနုပညာ လှုပ်ရှားမှုတွေအပြင် Personal ဘဝကအကြောင်းအရာတွေကိုပါစိတ်ဝင်စားကြပါတယ် ။

အထူးသဖြင့် အချစ်ရေးနဲ့ အိမ်ထောင်ရေးတွေပေါ့ ။ ဒါကြောင့်မို့ လူငယ်တွေ အကြိုက် Korea အနုပညာလောကမှာ ဘီလျံနာတွေနဲ့ ဖူးစာဆုံသွားတဲ့ အနုပညာရှင်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်နော် ။

1. Ham So Won

အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသမီး Ham So Won ကတော့ Weibo website ရဲ့ cele တစ်ယောက်ဖြစ်ပြီး အရင်က Idol ဖြစ်ဖို့လဲ Training တွေဆင်းခဲ့ဖူးတဲ့ Jin Hua နဲ့ လက်ထပ်သွားခဲ့တာပါ ။ သူက မင်းသမီးထက် အသက် ၁၈ နှစ်ငယ်ပြီး farming corporation ကြီး တစ်ခုက CEO ရဲ့ သားလေးလဲ ဖြစ်ပါတယ် ။ 

2. Moon Hee

Moon Hee ကတော့ ၁၉၆၅ ခုနှစ်မှာပွဲဦးထွက်ခဲ့တဲ့ မင်းသမီးပါ ။ သူက Jang Kang Jae လို့ခေါ်တဲ့ တောင်ကိုရီးယားရဲ့ နာမည်ကျော် သတင်းစာတိုက် Hankook Ilbo ရဲ့ Chairman တစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ် ။  

3. Shin Joo Ah

သူမကလည်း နာမည်ကျော် Thai paint corporation တစ်ခုရဲ့ CEO နဲ့ လက်ထပ်ခဲ့တာပါ ။ သူတို့ ဇနီးမောင်နှံနေထိုင်တဲ့ ရဲတိုက်ကြီးလို ခမ်းနားတဲ့ အိမ်ကြီးကို TV အစီအစဉ် အချို ့မှာမြင်တွေ့ရလေ့ ရှိပါတယ် ။ 

4. Park Yoochun

DBSK အဖွဲ့ဝင်ဟောင်း ခုလက်ရှိ JYJ ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Park Yoochun ကတော့ Korean Food Corporation ကြီးကိုပိုင်ဆိုင်တဲ့ မိသားစုက အငယ်ဆုံးသမီးနဲ့ စေ့စပ်ထားတာပါ ။ သူမရဲ့ ပုံလေးကို သူ့လက်မောင်းမှာတောင် ထိုးပြီး သူ့အချစ်ကို သက်သေပြခဲ့ပါတယ် ။  

5. Im Ji Yeon

1984 ခုနှစ်ရဲ့ Miss Korea လဲဖြစ် မင်းသမီးလဲဖြစ် အစီအစဉ်တင်ဆက်သူတစ်ယောက်အဖြစ်လဲ ထင်ရှားခဲ့တဲ့သူမဟာ ဂျပန်အိမ်ခြံမြေကုမ္ပဏီကြီးတစ်ခုက CEO နဲ့ လက်ဆက်ခဲ့ပေမယ့် မတူညီတဲ့ယဉ်ကျေးမှုတွေ သဘောမတိုက်ဆိုင်မှုတွေကြောင့် သုံးနှစ်အကြာမှာပြန်လည်ကွာရှင်းခဲ့ပါတယ် ။ 

6. Park Shin Yang

နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့သူဟာ ကိုရီးယားရဲ့ နာမည်ကျော် ice cream brand Haagen Daaz ရဲ့ မိသားစုဝင် Baek Hae Jin နဲ့လက်ထပ်ခဲ့တာပါ . သူက သူ့ဇနီးဖြစ်သူကို ဘူဆန်က Gym တစ်ခုမှာမြင်မြင်ချင်းချစ်မိသွားခဲ့တာလို့ ၀န်ခံခဲ့ပါတယ် ။ 

သူတို့တွေကတော့ နာမည်ကျော် လုပ်ငန်းစုတွေက ဘီလျံနာတွေနဲ့ လက်ထပ်သွားတဲ့ အနုပညာရှင်တွေဖြစ်ပြီး ကိုရီးယားပရိတ်သတ်တွေရဲ့ ပြောစမှတ်တွင်ခဲ့တဲ့ အတွဲတွေလည်း ဖြစ်ကြပါတယ် ပရိတ်သတ်ကြီးရေ ...  

သတင်းအရင်းမြစ် koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။