ကိုယ်ချစ်တဲ့ Idol ကိုအမြဲတွေ့မြင်ချင်တာ Fan တစ်ယောက်ရဲ့ ဆန္ဒပါ ။ ကိုယ်ချစ်တဲ့ Idol နဲ့ အပြင်မှာတွေ့ပြီး စကားပြောခွင့်ရမယ်ဆိုရင်တော့ အရမ်းကိုပျော်မိမှာပေါ့ ။

ကိုယ်ချစ်တဲ့ Idol နဲ့ နမ်းခွင့်ရမယ်ဆိုရင်ရော ? ဒါဟာ အလွန်ကံထူးမှလို့ လူတိုင်းသိကြမှာပါပဲ ။ ဒီလို ကံထူးတဲ့ ပရိတ်သတ်လေးတွေက အပြင်မှာတကယ်ကို ရှိနေခဲ့တာပါ ။ပရိတ်သတ် ရ ယောက်ဟာ သူတို့ အားပေးတဲ့ Idol တွေနဲ့နမ်းခွင့်ရခဲ့ပါတယ် ။ ပရိတ်သတ်တိုင်းရဲ့ အိပ်မက်ကို ဒီကံထူးသူ ပရိတ်သတ်လေးတွေကတော့ တကယ်ကိုပဲ ပြည့်ဝသွားခဲ့တာပါ ။ ဘယ် Idol တွေနဲ့ အနမ်းပေးခဲ့ကြသလဲဆိုတာ အောက်မှာကြည့်ရအောင်နော် ...

1. Seungri

Big Bang အဖွဲ့က လူနောက်ကလေး Seungri ကတော့ ပျော်ပျော်နေတတ်ပေမယ့် အရည်အချင်းကလည်း မသေးလှပါဘူး ။ ဘာသာစကားအများကြီးကို တတ်ကျွမ်းပြီး စီးပွားရေးလုပ်ငန်းတွေလည်း များစွာပိုင်ဆိုင်ထားသူပါ ။ တစ်ခါမှာတော့ သူပျော်တတ်သလို သူ့ ပရိတ်သတ်လေးကိုလည်း ပျော်အောင်လုပ်ပေးဖူးပါတယ် ။ မကာအိုက Fan Meeting တစ်ခုမှာ သူ့ ပရိတ်သတ် ကောင်မလေးတစ်ယောက်ကို အားရပါးရ အနမ်းပေးလိုက်ဖူးပါတယ်တဲ့ ။

(Video File အောက် တွင် ကြည့်ရှုနိုင်ပါသည်)

2. Dara

Dara က ကိုရီးယားရဲ့ မျက်နှာမပြုပြင်ဘဲ ပင်ကိုလှတဲ့ Idol တစ်ယောက်လို့ နာမည်ကြီးပါတယ် ။ Korea အနုပညာရှင်တွေထဲမှာကိုပဲ သူမကို သဘောကျနှစ်သက်သူတေအများကြီးရှိနေပါတယ် ။ တစ်ခါမှာတော့ သူမရဲ့ပရိတ်သတ်တစ်ယောက်ကို သီချင်းဆိုနေတဲ့ စင်ပေါ်ကိုခေါ်ပြီး

ပါးကို အနမ်းလက်ဆောင်ပေးခဲ့ဖူးပါတယ် ။ အဲဒီ ပရိတ်သတ်ကတော့ ကံကောင်းတာပေါ့နော် ။ 

3. Taeyang

Taeyang ကတော့ မကြာသေးခင်ကပဲ သူ့ချစ်သူလေးနဲ့ မင်္ဂလာဆောင်သွားခဲ့ပါပြီ ။ သူကလည်း နှုတ်ခမ်းနီမလေးတွေ အသည်းကျော် တစ်ယောက်ဖြစ်ခဲ့တာပါ ။ သူ့ရဲ့ နာမည်ကျော် သီချင်း I Need a Girl ကို သီဆိုဖျော်ဖြေရင်း ကံထူးသူ ပရိတ်သတ်ကောင်မလေးတစ်ယောက်ကို Surprise လက်ဆောင်တွေပေးခဲ့ပြီး နမ်းပါ နမ်းခဲ့ပါတယ် ။  

4. Ga In

Ga In ကတော့ ပရိတ်သတ်တစ်ယောက်ကို ရိုက်မလို စနောက်ပြီး ပါးကို အနမ်းပေးခဲ့လိုက်တာပါ ။ ပရိတ်သတ်ကတော့ အံ့သြသွားတာပါပဲ ။ 

5. Wooyoung

သူကလဲ Fan Meeting မှာပဲနမ်းခဲ့တာပါ ။ သူကတော့ သူ့ပရိတ်သတ်ရဲ့ နဖူးလေးကို ကြင်ကြင်နာနာပဲ နမ်းခဲ့ပါတယ် ။

6. G-Dragon

Fan Service အပေးကောင်းတဲ့ G-Dragon ကတော့ သူ့ရဲ့ ပရိတ်သတ်တွေကို သူချစ်တဲ့ အကြောင်းအမြဲ သတိရနေအောင် ပြလေ့ရှိပါတယ် ။ ခုလည်း သူ့ပရိတ်သတ်ရဲ့ လက်လေးကို နမ်းပြီး ဘယ်လောက်ချစ်တယ်ဆိုတာပြခဲ့တာပါ ။ 

7. Chanyeol

နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ အဆိုတော်လေးတစ်ယောက်ဖြစ်တဲ့ Chanyeol ကလည်း သီဆိုဖျော်ဖြေနေရင်း သူ့ကို အားပေးနေတဲ့ ပရိတ်သတ်ရဲ့ လက်ကို အနမ်းပေးဖူးပါသေးတယ် ။ 

အဲဒီပရိတ်သတ်လေးတွေကတော့ ကံထူးလွန်းလို့ သူတို့ချစ်တဲ့ Idol တွေရဲ့ အနမ်းခြွေတာကို ခံခဲ့ကြရသူတွေပါ ။ အားကျစရာကောင်းတယ် မဟုတ်လား Kpop ပရိတ်သတ်တို့ရေ ... 

သတင်းအရင်းမြစ် youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။