ဥပါယ်တံမျဉ်ဇာတ်ကားရဲ့ ပဲ့ကိုင်ရှင် အမျိုးသမီး ဒါရိုက်တာ ခရစ်စတီးနားခီ ကတော့ ဇာတ်ကားအတွက် Promotion တွေ ပြီးစီးသွားတဲ့နောက်မှာ စွန့်ပစ်ကလေးတွေအတွက် လှုပ်ရှားမှုတစ်ရပ်ဖြစ်တဲ့ စွန့်ပစ်ကလေးကာကွယ်တားဆီးရေးနဲ့ စောင့်ရှောက်ရေး အခမ်းအနားကို တက်ရောက်ဖို့ မော်လမြိုင်ကို ခရီးထွက်နေပါပြီ။ အခမ်းအနားကတော့ မော်လမြိုင်တက္ကသိုလ်မှာ ဖေဖော်ဝါရီ ၁၇ မှာပြုလုပ်မယ်လို့ သိရပါတယ် ။ 

" မော်လမြိုင် တက္ကသိုလ် မှာ မနက်၉နာရီ ခွဲလောက်ကနေစပြီးရှိပါမယ်။ Fan တွေအားရင်တွေ့မယ်နော် " လို့ ဖိတ်စာလေးနဲ့ ပရိတ်သတ်တွေကို လာခဲ့ဖို့ ဖိတ်ထားတဲ့ ဒါရိုက်တာခရစ်စတီးနားခီက မော်လမြိုင်ကမ်းနားလမ်းမှာရိုက်ထားတဲ့ ပုံလေးတွေကိုလည်း ပရိတ်သတ်တွေကို မျှဝေပေးခဲ့ပါသေးတယ် ။

သူမကတော့ ရုပ်ရှင်လောကမှာ အပြောင်းအလဲတစ်ခုကို ယူဆောင်လာခဲ့သူလို့ ပရိတ်သတ်တွေက အသိအမှတ်ပြုလက်ခံကြပြီး သူမရဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ကားဟာလည်း ကြည့်ပြီးသူတိုင်း တသသနဲ့ ပြောကျန်ရစ်တဲ့ ဇာတ်ကားလေးအဖြစ် နာမည်တွင်ခဲ့ပါတယ် ။ 

ပထမဆုံးရိုက်ကူးထားတဲ့ မုဒ္ဒြာခေါ်သံ ဇာတ်ကားကိုလည်း အမြန်ဆုံးရုံတင်ခွင့်ရဖို့ ပရိတ်သတ်တွေက ၀ုိင်းဝန်းတောင်းဆိုနေကြပြီး Facebook မှာတင်ထားတဲ့ ဇာတ်ကားရဲ့ Trailer လေးကိုတောင် ကြည့်ရှုသူ 3 သိန်းကျော်နေခဲ့ပါပြီ ။ သူမကတော့ ခင်ပွန်းသည် ဇဏ်ခီနဲ့ အတူ ၀ါသနာပါရာ အနုပညာလမ်းကို အတူလျှောက်လှမ်းနေပြီး ချစ်စရာသားသားလေးတစ်ယောက် ပိုင်ဆိုင်ထားသူလဲ ဖြစ်ပါတယ် ။  

သတင်းအရင်းမြစ် christina kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။