ဦးကျော်သူ နဲ့ မို့မို့မြင့်အောင်ကတော့ တစ်ချိန်က ရုပ်ရှင်လောကမှာ နာမည်ကျော်ကြားခဲ့တဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။

တစ်ခေတ်တစ်ခါက အနုုပညာအရည်အသွေးနဲ့ပတ်သက်ပြီး ပါရမီအပြည့်ပါတဲ့ သူတို့နှစ်ဦးဟာ ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာလည်း အကယ်ဒမီဆုတွေနဲ့အတူ ပရိသတ်အခိုင်အမာရရှိခဲ့တာပါ။

လက်တလောမှာတော့ ပရိဟိတအလုပ်တွေနဲ့အတူ ဇာတ်ကားအချို့ကို ရိုက်ကူးနေရတဲ့ ဦးကျော်သူ နဲ့ အကယ်ဒမီမင်းသမီးကြီး မို့မို့မြင့်အောင် တို့ရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို မျှဝေပေးချင်ပါတယ်။

ပရိဟိတမင်းသားကြီးလို့ တင်စားကြတဲ့ ဦးကျော်သူတစ်ယောက် တစ်ချိန်က မိန်းကလေးပရိသတ်တွေအသဲစွဲ မင်းသားတစ်လက်အဖြစ် ကျော်ကြားခဲ့တာဖြစ်ပါတယ်။

အကယ်ဒမီမို့မို့မြင့်ကတော့ ယနေ့အချိန်ထိ လူကြီးပိုင်းနေရာမှာ သရုပ်ဆောင်နေရဆဲဖြစ်ပြီး နောင်လာနောင်သား မင်းသားမင်းသမီးတွေအတွက်တော့ စံထားရတဲ့ ၀ါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်နေပါတယ်။

အရွယ်တင်နုပျိုနေဆဲဖြစ်တဲ့ သူတို့တွေဟာ အရင်က ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုများစွာနဲ့အတူ အနုပညာခရီးလမ်းမှာ စံထားရသူတွေဖြစ်ပါတယ်။

ပရိသတ်ကြီးရေ သူတို့နှစ်ဦးရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို မြင်လိုက်တော့ လူကြီးတွေလည်း သူတို့ရဲ့ ငယ်ဘဝလေးကို ပြန်သတိရမိမယ်လို့မျှော်လင့်ပါတယ်။

နှစ်ယောက်လုံးကတော့ အချောတွေချည်းပါပဲ။  

Source : KyawThu fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။