"အိမ်မက်ဆုံရာ" ကဆင့် ဂီတလောကကို ဝင်ရောက်ခဲ့တဲ့ ပိုပိုဟာ လက်ရှိမှာတော့ နာမည်ကြီး အဆိုတော် တစ်ဦးအဖြစ် ရပ်တည်လို့နေပါတယ်။ တေးအယ်ဘမ် (၃) ခုထွက်ရှိထားပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူလည်းဖြစ်ပါတယ်။ "ချစ်ဖူးခဲ့သမျှ" ဆိုတဲ့ အယ်လ်ဘမ်နဲ့ ပရိသတ်တွေကြားမှာ အတော်လေးအောင်မြင်ခဲ့တဲ့ ပိုပိုတစ်ယောက် အခုဆိုရင်တော့ ဝိတ်တွေ သိသိသာသာကျလာပြီး အရမ်းကို လှလို့လာတာ ပရိသတ်ကြီး အသိပဲဖြစ်မှာပါနော်။

ဒါ့အပြင် ပိုပိုက အလှူအတန်းနဲ့ ပတ်သတ်လာရင်လည်း လက်မနှေးသူတစ်ဦးဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှာတော့ ဆွမ်းလောင်းလှူဒါန်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ တလောက "Marry Me" ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ထွက်ရှိထားပြီး အလင်းရောက်နဲ့တွဲဖက်သရုပ်ဆောင်ထားကာ ပရိသတ်တွေကြား MTV လေးက နာမည်ကြီးခဲ့ပါတယ်။ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း Full Moon ပွဲကို တက်ရောက်ခဲ့ပြီး သူမရဲ့ ဖက်ရှင်ဟာ သူမရဲ့ ကိုယ်ခန္ဓာနဲ့ လိုက်ဖက်ပြီး ပရိသတ်တွေကြား ရေပန်းစားခဲ့ပါသေးတယ်။ 

ပိုပိုဟာ ပေါ်ကာစမှာ အနည်းငယ်ဝခဲ့ပေမဲ့ လက်ရှိမှာတော့ gym တွေကစားပြီး သွယ်လျတဲ့ ခန္ဓာကိုယ်လေးတစ်ခုကို ပိုင်ဆိုင်လို့ထားပါပြီ ပရိသတ်ကြီးရေ။ ယခုလတ်တလော Instagram မှာတော့ သူမရဲ့ work out လုပ်နေတဲ့ video file တစ်ခုဟာ နာမည်ကြီးနေပြီး ကြည့်ရှုနှုန်းလည်း မြင့်တက်လျက်ရှိနေတာ တွေ့ရပါတယ်။ ကဲ ပရိသတ်ကြီးအတွက် ပိုပို့ရဲ့ gym ကစားနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်....

Source: Po Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။