နှုတ်ခမ်းနီမလေးတွေအသဲစွဲ ကမ္ဘာကျော်အဆိုတော်နှစ်ဦးဖြစ်တဲ့ ဂျက်စတင်ဘီဘာနဲ့ Exo အဖွဲ့ဝင်ဟောင်း Kris Wu တို့ကတော့ ကြုံတောင့်ကြံုခဲအနေနဲ့ ဂိမ်းတစ်ခုမှာ အတူတူပါ၀င်ကစားခဲ့တယ်လို့သိရပါတယ်။

သူတို့နှစ်ဦးစလုံးဟာ အောင်မြင်မှုကိုယ်စီရရှိနေတဲ့ လူငယ်ဆယ်လီတွေဖြစ်တာကြောင့် နိုင်ငံတကာက ပရိသတ်တိုင်းရဲ့ စိတ်ဝင်စားမှုတွေရရှိနေတာဖြစ်ပါတယ်။

Basketball ကစားရတာ ၀ါသနာပါကြတဲ့ ဘီဘာ နဲ့ ခရစ် တို့နှစ်ဦးစလုံးဟာ ကနေဒါနုုိင်ငံဖွားတွေဖြစ်ကြပြီး မနေ့က လော့အင်ဂျလိစ်မြို့ Convention Centre မှာ ပြုလုပ်တဲ့ NBA All Star Celebrity Game မှာ တစ်သင်းတည်း ပါ၀င်ယှဉ်ပြိုင်ကစားခဲ့တယ်လို့ ဆိုပါတယ်။

ခရစ် ကတော့ အဲ့ဒီဂိမ်းမှာ ၀င်ရောက်ကစားခဲ့တာ ဒီနှစ်အပါအဝင် (၃)နှစ်ဆက်တိုက်ရှိနေပြီဖြစ်ပြီး ယခုနှစ်မှာတော့ ဘီဘာ နဲ့ တစ်သင်းတည်း ဘေစ်ဘောကစားရတာ ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

ချစ်စရာကောင်းနေတဲ့ ဒိတ်ဒိတ်ကျဲ နှစ်ဦးရဲ့ ဘေ့စ်ဘောကစားနေတဲ့ မြင်ကွင်းလေးတွေကတော့ Fan တွေအတွက် အသဲယားစရာကောင်းနေပါတယ်။

ဘေ့စ်ဘော ၀တ်စုံလေးတွေ ဆင်တူဝတ်ကာ နှစ်ယောက်သား စကားတွေဖောင်ဖွဲ့ရင်း သဘောကျနေတဲ့ပုံလေးတွေကတော့ တရင်းတနှီးဖြစ်နေပုံပါပဲ ပရိသတ်ကြီးရေ။

ကမ္ဘာအရပ်ရပ်မှာ ပရိသတ်အခိုင်အမာရရှိနေတဲ့ သူတို့နှစ်ဦး ရဲ့ ကစားပွဲက ပုံလေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source : zimbio

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။