မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ပရိသတ်တွေ အားကျရလောက်တဲ့အထိ အိမ်ထောင်ရေးမှာ ကံကောင်းသူလေး ပဲဖြစ်ပါတယ်။အိမ်ထောင်သက်တမ်း(၁)နှစ်ကျော်လာခဲ့ပြီဖြစ်တဲ့ သူမတို့ရဲ့ ဇနီးမောင်နှံ လေးမှာတော့ ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်လည်းရလာခဲ့ပြီး ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။နောက်ပိုင်းမှာလည်း ဒီမိသားစုလေးကို ပိုပြီးအချိန်ပေး နိုင်အောင် အနုပညာလုပ်ငန်းတွေတောင် ဆက်လက်လုပ်ကိုင်မှာ မဟုတ်တော့ဘူးလို့ ပရိသတ်တွေကို အသိ ပေးခဲ့တာပဲဖြစ်ပါတယ်။ 

ဒီနေ့မှာလည်း သူမတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ တကယ့်ကိုမျက်ရည်စို့လောက်အောင်ကြည်နူးရတဲ့ အလှူကြီးတစ်ခုပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ဆေးရုံအသီးသီးက မပြေလည်တဲ့ ကလေးငယ်တွေကို တစ်ဦး တစ်ယောက်စီ ငွေကြေးလှူဒါန်းဒါနပြုခဲ့တာပဲဖြစ်ပါတယ်။ကလေးတွေကိုတစ်ဦးလျှင် ငါးသောင်းကျပ်စီလှူဒါန်း ဖို့ရည်ရွှယ်ထားပေမယ့် ကလေးတွေကိုလည်းမြင်ရော ဂရုဏာပိုသက်မိသွားပြီး ပိုက်ဆံအထုပ်လိုက်ချကာ ကလေးတစ်ဦးကို ၅သောင်းကနေ ၁သိန်းခွဲအထိ ခွဲဝေလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ 

သူမတို့ဇနီးမောင်နှံလှူဒါန်းခဲ့တဲ့ကလေးငယ်လေးတွေကတော့ ဦးနှောက်အကြိတ်တည်နဲ့ ဦးခေါင်းရေအိတ် တည်နေတဲ့ ကလေးတွေ အဓမ္မပြု ကျင့်ခံရတဲ့ကလေးငယ်တွေ၊ မီးလောင်ဒဏ်ရာအပြင်းအထန် ခံစားနေရတဲ့ ကလေးတွေ၊ သွေးကင်ဆာဖြစ်နေတဲ့ ကလေးငယ်တွေ၊အူအသည်းနဲ့ ကျောက်ကပ်ရောဂါသည်ကလေးတွေပဲ ဖြစ်ပါတယ်။အရွှယ်နဲ့မလိုက်အောင်ဝေဒနာခံစားနေကြရပြီး တကယ့်ကိုငွေရေးကြေးရေးမပြေလည်တဲ့ ကလေး ငယ်လေးတွေ လှူဒါန်းလိုက်တာကြောင့် တကယ့်ကိုမွန်မြတ်လှတဲ့အလှူလေးပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေ အားလုံးလည်း သာဓုခေါ်ဆိုနိုင်စေရန် ကုသိုလ်မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - Phoe Zaw’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။