ကယားပြည်နယ် လွိုင်ကော်မြို့တွင်၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား အခမဲ့ခွဲစိတ် ကုသပေးဖို့ စီစဉ်နေ တယ်လို့ သတင်းရရှိပါတယ်။ ကယားပြည်နယ် အစိုးရအဖွဲ့ရဲ့ စီစဉ်ဆောင်ရွက်မှုဖြင့် ပြည်နယ်ကုသရေး၊ ပြည် သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဂျာမဏီနိုင်ငံ Plast Surgery ဆရာဝန်အဖွဲ့တို့ပူးပေါင်းကာ နှုတ်ခမ်းကွဲ၊ အာခေါင် ကွဲ၊ ခြေပူး၊ လက်ပူး၊ မီးလောင် ဒဏ်ရာရရှိသော လူနာများကို ကျန်းမာရေး စစ်ဆေးကုသမှုများ ပြုလုပ်ပေးသွား မှာ ပဲဖြစ်ပါတယ်။အဆိုပါ အစီအစဉ်ကိုတော့ လာမယ့်ဖေဖော်ဝါရီ လ ၁၉ ရက်မှ စတင်အကောင်ထည်ဖော် သွားမှာဖြစ်ပြီး မတ်လ ၁ ရက်အထိ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးမှာ အခမဲ့ ခွဲစိတ်ကုသ ကုသပေးမှာဖြစ် တယ်လို့ သိရပါတယ်။

အဆိုပါ လာရောက်ဆေးကုသမှုခံယူမယ့် လူနာနှင့် လူနာစောင့်များ နေထိုင်စားသောက်မှု အဆင်ပြေစေရေး အတွက်လည်း စီစဉ်နေတယ်လို့ သိရပါတယ်။၎င်း လူနာနှင့် လူနာစောင့်များအတွက် နေထိုင်နိုင်ရေးကိုတော့ လွိုင်ကော်မြို့၊ ချိကယ်ရှိသီတဂူ မျက်စိဆေးရုံတွင်နေရာချထားပေးသွားမယ်လို့ သိရပါတယ်။အဆိုပါ ကိစ္စရပ် များကိုတော့ လွိုင်ကော်မြို့၊လူမှုကူညီရေး အသင်းနှင့် ကြက်ခြေနီအဖွဲ့တို့ပူးပေါင်းကာ အကူအညီများပေးသွား မယ်လို့ သိရပါတယ်။

ထို့အပြင် လာရောက်ဆေးကုသမယ့် လူနာများအနေဖြင့် နေရပ်ပြန်ရန် အခက်အခဲရှိပါက အသွား/အပြန်လမ်း စရိတ်များကိုလည်း ကူညီထောက်ပံ့ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ကယားပြည်နယ် အစိုးရအဖွဲ့မှ တာဝန် ရှိသူတစ်ဦးကပြောပါတယ်။ ကယားပြည်နယ်မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရောဂါဝေဒနာခံစားနေရသူတွေ အတွက်တော့ တကယ့်ကိုသတင်းကောင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - ဝတ်ရည် (MOI Webportal Myanmar)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။