ပရိသတ်အချစ်တော် မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲလေးကို ပြုလုပ်သွားမယ်လို့ သိရပါတယ်..။

Fan Meeting လေးကိုတော့ ဖေဖော်ဝါရီ(၁၈)ရက်နေ့ မနက်(၁၀)ကနေ စပြီး ရွှေတိဂုံဘုရားအောင်မြေမှာ ပြုလုပ်သွားမှာဖြစ်ပြီး ပရိသတ်တွေကိုလည်း ဖိတ်ခေါ်ထားပါသေးတယ်..။

သူမရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲလေး ပြုလုပ်သွားမယ့်အကြောင်းကိုတော့ မင်းသမီးချောလေး ပိုးကြာဖြူခင်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

“ရန်ကုန် Fan meeting ၁၈.၂.၂၀၁၈ တနင်္ဂနွေနေ့ မနက် ၁၀ နာရီ ရွှေတိဂုံဘုရား အောင်မြေ မှာ တူတူဆုံကြစို့ we love လေးတို့ရေ ကိုယ့်ကို ဘယ်လောက်ချစ်လဲ ဆိုတာ သက်သေပြနိုင်ဖို့အတွက် Fan meeting လေးကို လာခဲ့ကြပါနော် ချစ်တယ်..” ဆိုပြီး ရေးသားထားတာပါ..။

မင်းသမီးချောလေး ပိုးကြာဖြူခင်ရဲ့ Fan Meeting ပွဲလေးပြုလုပ်သွားမယ့် အကြောင်းလေးကို ပရိသတ်ကြီးများ မသိလိုက် မရှိရလေအောင် Myanmarload မှ ပြန်လည်မျှဝေလိုက်ပါတယ်နော်..

ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်ကို ဘယ်လောက်ထိ အားပေးချစ်ခင်လဲဆိုတာ သူမနဲ့အတူ ပရိသတ်တွေ့ဆုံပွဲလေးကို ရောက်အောင် သွားရောက်ပြီး သက်သေပြလိုက်ရအောင်နော်..

Source - ပိုးကြာဖြူခင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။