ပရိသတ်အချစ်တော်မင်းသားချောပါဝင်သရုပ်ဆောင်ထားတဲ့ ကမ္ဘာကျော်ရွှာရုပ်ရှင်ကြီးကတော့ လက်တလော မှာပရိသတ်စိတ်ဝင်မှုအများဆုံးနဲ့ ရေပန်းစားလို့နေပါတယ်။ဟာသရုပ်ဇာတ်တွေကို သဘာဝကျကျနဲ့ရယ်ရ အောင်သရုပ်ဆောင်နိုင်တဲ့ နေတိုးရဲ့ အနုပညာစွမ်းရည်တွေကကြောင့် ဒီဇာတ်ကားကြီးရဲ့ နမူနာကြော်ငြာ လေးထွက်ခဲ့စဉ်ကတည်းက ပရိသတ်တွေ မစောင့်နိုင်လောက်အောင်ကို ကြည့်ရှု့ခံစားအားပေးချင်နေတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ ပရိသတ်တွေမျှော်လင့်နေကြတဲ့အတိုင်း ကမ္ဘာကျော်ရွှာ ရုပ်ရှင်ကြီးကို ရုံတင်ပြသနေပြီပဲဖြစ်ပါတယ်။ 

ဖေဖော်ဝါရီ(၁၆)ရက်နေ့ မနေ့ကတော့ ပရိသတ်အချစ်တော်မင်းသားချောကိုယ်တိုင် ပရိသတ်တွေနဲ့ တွေ့ဆုံပြီး အမှတ်တရလက်မှတ်ရေးထိုးခဲ့တာပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေလည်း ရုံပြည့်ရုံလျှံ လာရောက်အားပေးခဲ့တာ ကိုလည်းတွေရပါတယ်။ပရိသတ်တွေအများကြီး လာရောက်အားပေးကြတဲ့ အတွက်လည်း အရမ်းကိုကျေဇူး တင်ပါတယ်ဆိုတဲ့အကြောင်းလေးကို သူရဲ့လူမှုကွန်ယက်မှာရေးသားခဲ့တာ ပဲဖြစ်ပါတယ်။  

နေတိုးရဲ့လူမှုကွန်ယက်မှာတော့“ဒီနေ့တွေ့ဆုံမှုအတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ ၊ထာဝရအတွက်တော့ ထာဝရပါလို့ပဲ မရိုးနိုင်အောင်ပြောခွင့်ပြုပါ ထာဝရ ...နေတိုး” ဆိုတဲ့စာလေးနဲ့အတူ ပရိ သတ်တွေနဲ့ တွေ့ဆုံခဲ့တဲ့အမှတ်တရပုံရိပ်လေးတွေ မျှဝေထားတာပဲဖြစ်ပါတယ်။ပရိသတ်တွေ စောင့်မျော်နေတဲ့ ရုပ်ရှင်ကားကြီးကတော့ ရုံတင်နေပြီး ဖြစ်တာကြောင့် အပြေးလေးအမြန်ဆုံး သွားရောက်အားပေး လိုက်ကြပါ အုန်းနော်။ အခုတော့ မနေ့ကချစ်ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ပျော်စရာအခိုက်အတန့် လက်မှတ်ရေးထိုးပွဲ လေးမှ ပုံရိပ်လေးတွေကို မျှဝေပေးလိုက် ပါတယ်နော်။ 

သတင်းအရင်းအမြစ် - နေတိုး  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။