ပရိသတ်ရှေ့ကို မရောက်ရှိခင်ကတည်းက နာမည်ကြီးနေတဲ့ ဒီဇာတ်လမ်းလေးကတော့ ပုဂံမြို့သူ ဆိုတဲ့ ဇာတ်လမ်းတွဲလေးပါ။ ဒီဇာတ်လမ်းတွဲလေးမှာတော့ နာမည်ကျော်များဖြစ်ကြတဲ့ အကယ်ဒမီကျော်သူ၊ ဒေါင်း၊ ထူးအောင်နဲ့ ပရိသတ်အချစ်တေ်ာ အပြုံးမင်းသမီးချောလေး မေမြင့်မိုရ်တို့က ပုံဖော်ရိုက်ကူးထားပါတယ်။

မြန်မာ့ရိုးရာယဉ်ကျေးမှု၊ မြန်မာ့ရှုခင်းအလှတွေကို မြိုင်မြိုင်ဆိုင်ဆိုင်မြင်တွေ့ရမယ့် ပုဂံရှေးဟောင်းမြို့တော်မှာ ပုံဖော်ထားတာမို့ ဒီဇာတ်ကားလေးဟာ ပရိတ်သတ်တွေအကြို က်တွေ့မယ့် ဇာတ်ကားမျိုးလေး ဖြစ်မှာ အသေအချာပါပဲ။ ဒါကြောင့် ဘယ်လိုမျိုးစိတ်ဝင်စား စရာကောင်း နေမလဲ ဆိုတာတော့ ပရိသတ်ကစောင့်ကြည့်ဖို့ မမေ့ပါနဲ့နော် ။

အနုပညာလောကရဲ့ ထိပ်တန်းသရုပ်ဆောင်တွေနဲ့အတူဖန်တီးထားတဲ့အပြင် လပေါင်းများစွာစီစဉ်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးက ပရိသတ်ကြီးကို စိတ်ခံစားမှု ရသပေါင်းစုံပေးစွမ်းနိုင်မှာပါ ။အားလုံးကလည်း ပရိတ်သတ်အားပေးချစ်ခင်ကြတဲ့ အနုပညာရှင်တွေဖြစ်တာကြောင့် သရုပ်ဆောင်ပိုင်းမှာတော့ ပြောစရာမလိုအောင် ပြည့်စုံပြီးသားပါ။

ဒါကြောင့် ရိုက်ကွင်းပေါ်က ပုံရိပ်ကလေးတွေကို ပရိသတ်ကြီးအတွက် စုစည်းဖော်ပြပေးလိုက် ရပါတယ်။

Source - May Myint Mo Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။