ပရိသတ်တွေ သဘောကျအားပေးရတဲ့ အနုပညာရှင် မိသားစုတွေထဲမှာ မင်းသား လူမင်းနဲ့ ခင်စံပယ်ဦး တို့ မိသားစုလေးလည်း ပါဝင်ပါတယ်။ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌဟောင်းတစ်ဦးဖြစ်ပြီး ထပ်ဆင့်အကယ်ဆုရှင်တစ်ဦးဖြစ်တဲ့ မင်းသား လူမင်းတို့ ဇနီးမောင်နှံဟာ ပရိသတ်တွေကြားမှာ ရေပန်းစား အားကျအတုယူရတဲ့ ဇနီးမောင်နှံစုံတွဲတစ်တွဲလည်း ဖြစ်ပါတယ်။ 

အခမ်းအနားတော်တော်များများကို အမြဲစုံတွဲတက်လေ့ရှိပြီး တစ်ဦးနဲ့ တစ်ဦးကြင်နာတတ်တဲ့ သူတို့နှစ်ဦးရဲ့ ပုံရိပ်တွေဟာ မီဒီယာတွေရဲ့ သတင်းစာမျက်နှာထက်မှာလည်း မကြာမကြာတွေ့ရတတ်ပါတယ်။ ယနေ့မှာလည်း ဇနီးမောင်နှံအတူ မင်္ဂလာပွဲတစ်ခုတက်ရောက်ခဲ့ပြီး စုံတွဲဓာတ်ပုံလေးတွေကို သူတို့ရဲ့ လူမှုစာမျက်နှာမှာ "မောင်ရဲရင့်နိုင်ဦး+ မအေးမြမွန် မင်္ဂလာဧည့်ခံပွဲ" ဆိုပြီး ရေးသားတင်ထားပါတယ်။ 

မင်္ဂလာပွဲကိုတက်ရောက်ခဲ့တဲ့ ဝတ်စုံကိုတော့လနာမည်ကြီး ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်က ချုပ်ပေးထားတာဖြစ်ပြီး မိတ်ကပ်ကိုတော့ မေဦးက လိမ်းခြယ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ လူမင်းဟာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာ တွေ့ရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ထွက်ရှိထားပါတယ်။ ကဲ ပရိသတ်ကြီးအတွက် လိုက်ဖက်ညီတဲ့ လူမင်းတို့ဇနီးမောင်နှံရဲ့ ပွဲတက်ဓာတ်ပုံလေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်နော်....

Photo: Ayaywady Lumin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။