မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ သူမကိုယ် သူမ ကျောနံပါတ်(၁၅) နောက်တန်း ဘောလုံးကစားသမားလေးပါလို့ ဆိုလာပါတယ်..။

ယနေ့ ဖေဖော်ဝါရီ(၁၇)ရက်နေ့က ခရမ်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ထွန်းကျန်းမာရေး ပရဟိတရန်ပုံငွေပွဲမှာ ခရမ်းမြို့အသင်းနဲ့ ရုပ်ရှင်အဖွဲ့ ဘောလုံးပွဲမှာ သီချင်းဆိုရင်း ဘောလုံးပါ ဝင်ကန်ခဲ့တဲ့ အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်..။

အဲ့ဒီအကြောင်းကိုတော့ မင်းသမီးချောလေး ပိုးကြာဖြူခင်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

“ထွန်းကျန်းမာရေးပရဟိတ ရံံပုံငွေပွဲ မှာ ခရမ်းမြို့မိမြို့ဘ အသင်းနဲ့ ရုပ်ရှင်အဖွဲ့ ဘောလုံးကန်ကြရာဝယ် ပရဟိတ သီချင်းဆိုပေးဖို့သွားတာ အခု ဘောလုံးပါ ဝင်ကန်ပေးခဲ့တယ် ကျောနံပါတ် ၁၅ နောက်တန်း ကစားသမားလေး ပိုးကြာဖြူခင်ပါရှင့်..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

အမြဲ ချစ်စရာပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲ အချစ်ပိုစေတဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ဘောလုံးအင်္ကျ ီဝတ်စုံလေးနဲ့ လိုက်ဖက်ပြီး ချစ်စရာကောင်းနေတာ တွေ့ရပါတယ်..

ကျောနံပါတ်(၁၅) အဖြစ် နောက်တန်း ဘောလုံးကစားသမားလေး ပိုးကြာဖြူခင်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source - ပိုးကြာဖြူခင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။