ပရိတ်သတ်တွေရဲ့ အချစ်တော်ကလေးလေးတွေထဲ မင်းသမီးချောလေး သင်ဇာနွယ်ဝင်းရဲ့ သားလေးလဲ ပါပါတယ် ။ သင်ဇာနွယ်ဝင်းက အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်းထဲက အနုပညာအလုပ်တွေကို ရပ်နားထားလိုက်ပေမယ့် သူမရဲ့ ပရိတ်သတ်တွေကတော့ မလျော့သွားတဲ့ အပြင် တိုးတောင်တိုးလာနေပါသေးတယ် ။ သူမကလည်း သူမရဲ့ လူမှုကွန်ယက်ကတစ်ဆင့် ပရိတ်သတ်တွေနဲ့ အဆက်အသွယ်မပြတ် ရှိနေခဲ့တာပါ ။ 

ခုတော့ သူမရဲ့ သားဦးလေးကတော့ ရက်တစ်ရာပြည့်သွားခဲ့ပြီဖြစ်ပါတယ် ။ သားသားလေး ရက်တစ်ရာပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ သားလေးနှစ်ကူးမှာရတဲ့ ဟုန်ပေါင်းတွေကို ကလေးဆေးရုံက ကလေးတွေကို လှုဒါန်းမှုလဲပြုခဲ့ပါသေးတယ် ။ လိုအပ်တဲ့နေရာကို လှုဒါန်းခဲ့တဲ့ ပကာသနမဖက်တဲ့ အလှုလေးမို့ မြင်တွေ့ရတဲ့ ပရိတ်သတ်တွေက မျက်ရည်လည်လောက်အောင် ၀မ်းသာပြီး သာဓုတွေ ခေါ်ပေးခဲ့ကြတာပါ ။ 

မေမေ သင်ဇာနွယ်ဝင်းကတော့ ဒီလို လှုဒါန်းရတဲ့ အတွက် ကလေးတွေအားလုံးလဲ " သားလေးနဲ့ထပ်တူ ကုသိုလ်ရကြပါစေ။ သားလေးလည်း ပညာတက် လူလိမ္မာလေးဖြစ်ပါစေ။ " လို့ ဆုတောင်းပေးထားပါသေးတယ် ။ သားသားလေးရဲ့ ရက်တစ်ရာပြည့်အမှတ်တရ မိသားစုပုံရိပ်လေးတွေကိုတော့ My Dream Studio က ဓါတ်ပုံရိုက်ကူးပေးထားပါတယ် ။

သင်ဇာနွယ်ဝင်းရဲ့ သားသားလေးကို ချစ်တဲ့ ပရိတ်သတ်တွေအတွက် ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်နော် ... 

သတင်းအရင်းမြစ် My Dream Studio

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။