ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁ဝ နာရီခန့်အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အထက်တန်းကျောင်းသား အချင်း ချင်း အုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဘားအံမြို့၊ အမှတ် ၃ ရပ်ကွက်၊ တန်းမြှင့် ကျောင်းလမ်းရှိ အထက (၁) ကျောင်း ဘောလုံးကွင်း အတွင်း ကျောင်းသားလူငယ်များ ခိုက်ရန်ဖြစ်ပွားနေတယ်လို့ သတင်းရရှိတာကြောင့်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေး ဟန့်တားခဲ့ရတာ ပဲဖြစ်ပါ တယ်။ရန်ဖြစ်ရာနေရာသို့ ရောက်ရှိချိန်မှာတော့ တောင်ကလေး အထက(ခွဲ) မှ ဒဿမတန်းကျောင်းသား ဝေယံမျိုးထက်၊ ၁၇ နှစ်နှင့် ကျော်ကိုလင်း၊ ၁၇နှစ်တို့ပါဝင်သော ၅ ဦးအဖွဲ့ကို နာကျင်ဒဏ်ရာများဖြင့် တွေ့ရှိရတယ်လို့ ဘားအံမြို့မ ရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် အောင်မျိုးကျော်ကပြောပါတယ်။  

အဆိုပါဖြစ်စဉ်မှာတော့ တောင်ကလေး အထက(ခွဲ) မှ ဒဿမတန်းကျောင်းသားများအဖွဲ့ဟာ ဘားအံမြို့နေ စည်သူရှိန်၊ ၁၈ နှစ်ပါ ၉ ဦးအဖွဲ့နှင့် ချိန်းဆိုပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ ခိုက်ရန်ုဖြစ်ပွား ခဲ့ရတဲ့ အကြောင်းကတော့ လူငယ်သဘာဝ ချစ်သူ ရည်းစားလုသည့်ကိစ္စနှင့်ပတ်သက်ပြီး အချင်းချင်း ခိုက်ရန် ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ဆက်လက်စစ်ဆေးခဲ့ရာမှာတော့ ဝေယံမျိုးထက်နှင့် ကျော်ကိုလင်း တို့ ၂ ဦးအား နာကျင်ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့တဲ့ စည်သူရှိန် ပါ ၉ ဦးအဖွဲ့မှာ လက်ရှိ ပညာသင်ကြားကာ စာမေးပွဲ ဖြေဆိုလျက်ရှိတဲ့ကျောင်းသား များလည်းပါဝင်နေတယ်လို့ သိရပါတယ်။

၎င်းစည်သူရှိန်တို့ အဖွဲ့တွင် စာမးပွဲဖြေဆိုနေတဲ့ ကျောင်းသားပါဝင်နေတာကြောင့် အမှုဖွင့်အရေးယူခြင်း မယူတော့ပဲ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပဲခံဝန်ကတိလက်မှတ်ရေးထိုးခဲ့ရပြီးကို အမှုကို ကျေအေးပေးခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီနောက်မှာတော့ ဘားအံမြို့မရဲစခန်းမှူး၊ အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ဘားအံမြို့ အထက(၁) ကျောင်းအုပ် ဆရာမကြီးတို့က စည်သူရှိန်ပါ ၉ ဦးအား နောင်ထပ် အလားတူ ပြစ်မှုမျိုး ကျူးလွန်ပါက ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမှာဖြစ်တယ်လို့ ပြောဆိုဆုံးမပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။