GFatt နဲ့ နန်းဆုရတီစိုးတို့ နှစ်ဦးကတော့ ၀ါသနာတူ အနုပညာရှင်စုံတွဲလေးတစ်တွဲအဖြစ် ပရိတ်သတ်တွေက သဘောတူထားကြပါတယ် ။ အလုပ်ခရီးတွေ ထွက်ရလဲ အတူတူ ပွဲတွေဖျော်ဖြေရလဲ အတူတူမို့ အမြဲ အတူရှိနေတတ်ကြတဲ့ သူတို့နှစ်ယောက်က ရံဖန်ရံခါ သူတို့ ပရိတ်သတ်တွေ အတွက် အတူတူ Live တွေတောင်လွှင့်ပေးတတ်ပါတယ် ။ 

Social Network မှာလည်း အမြဲ တစ်ယောက်နဲ့ တစ်ယောက်စနောက်နေကြတာမို့ သူတို့ရဲ့ ပရိတ်သတ်တွေက သူတို့ကို ကြည့်ပြီး ရောပျော်ရွှင်နေရတာပါပဲ ။ ခုလည်း မင်းသမီးလေး နန်းဆုရတီစိုးက ညဘက်ကြီး သူမအိမ်ရောက်လာခဲ့တဲ့ GFatt ကို စနောက်လိုက်ပြန်ပါတယ် ။ GFatt ရဲ့ နောက်ပြောင်ပြီးပို့စ်ပေးထားတဲ့ ဓါတ်ပုံလေးနဲ့ အတူ

" အိမ်မှာအန်ပေါင်းလာတောင်းတဲ့ တရုတ်နဂါးတစ်ကောင် " လို့ရေးပြီးစနောက်ခဲ့တာပါ ။

အန်ပေါင်းထုတ်တွေကိုင်ပြီး အနီဝမ်းဆက်နဲ့ သိုင်းကွက်ခင်းနေတဲ့ ကို GFatt ကိုကြည့်ရတာ ရယ်လဲရယ်ရသလို ပျော်စရာလဲ ကောင်းနေတာမို့ ပရိတ်သတ်တွေကတော့ သဘောကျပြီး ၀ုိင်းစနောက်နေကြတော့တာပါပဲ ။ ယခင်ကလည်း သွားတိုက်တဲ့ပုံနဲ့ ၀ုိင်းပြီးစနောက်တာ ခံခဲ့ရဖူးတဲ့ GFatt က ပျော်ပျော်ပဲ သွားတိုက်ဆေးနဲ့ သွားတိုက်တံ စုံတွဲတီရှပ်လေးတွေကို ထုတ်ပြီး နန်းဆုနဲ့ အတူ စုံတွဲပုံလေးတွေရိုက်တင်ခဲ့ ပါသေးတယ် ။ ပျော်ပျော်နေတတ်တဲ့သူတို့နှစ်ယောက်ကို သဘောကျကြတယ်မဟုတ်လား ပရိတ်သတ်ကြီးရေ ... 

သတင်းအရင်းမြစ် Nan su yati soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။