အနုပညာလောကရဲ့ နာမည်ကြီး မင်းသမီးလေးတစ်လက်ဖြစ်သလို ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်တဲ့ စံယတီမိုးမြင့် ခွေးလေးတွေကို အရမ်းချစ်တတ်သူတစ်ဦးအဖြစ်လည်း နာမည်ကြီးလှပါတယ်။ သူမကိုယ်တိုင်လည်း ခွေးလေးတွေမွေးထားသလို မကြာခဏဆိုသလိုလည်း ခွေးလေးတွေအတွက် သူမလက်လှမ်းမှီသလောက် အလှူအတန်းလေးတွေ ပြုလုပ်လေ့ရှိပါတယ်။

လက်ရှိလူမှုစာမျက်နှာမှာတော့ စံရတီမိုးမြင့်ရဲ့ ခွေးလေးက တခြားခွေးလေးကို ကိုက်လိုက်တယ်ဆိုတဲ့ ကိစ္စကအစပြုပြီး ဖြစ်နေတဲ့ပြဿနာဟာ ပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်လို့နေပါတယ်။ တလောကကျင်းပခဲ့တဲ့ Pet and Dog Lovers Show မှာ စံရတီမိုးမြင့်ရဲ့ ခွေးလေး Syalr ကိုက်လိုက်တဲ့ ခွေးလေးရဲ့ ပိုင်ရှင်ဟာ စံရတီမိုးမြင့်ရဲ့ နာမည်ကိုထည့်သွင်းရေးသားထားတဲ့ status တစ်ခုကို ရေးသားခဲ့ပါတယ်။

" စံရတီမိုးမြင့်ရယ် ရှင်မင်းသမီးဟုတ်တာ

မဟုတ်တာအရေးမကြီးဘူး

ရှင့် Sylar ကျွန်မသမီး Hannaကို ကိုက်လိုက်လို့နှုတ်ခမ်း

ပေါက်သွားတာ Sorry ကလေးနာသွားလား

တစ်ခွန်းတောင်မမေးမပြောဘူး

ခွေးအချင်းချင်းကိုက်တာနားလည်ပေးလို့ရတယ်

လိုချင်တာက ရှင့်ပါးစပ်က Sorry ဆိုတဲ့

တောင်းပန်တဲ့စကား

ရှင့် ကလေးကိုက်တတ်တယ်ဆိုပြီးမာန်တက်မနေနဲ့

ရှင်တစ်ယောက်ထဲခွေးချစ်တတ်တယ်ထင်နေလား

ရှင့်ခွေးကိုတောင်မနိုင်ရင်လူကြား ခွေးလေးတွေရဲ့ကြားထဲ ခေါ်မလာနဲ့ တကယ်ဒေါသထွက်တယ်" ဆိုပြီး ရေးသားထားပါတယ်။ 

စံရတီမိုးမြင့်ဖက်ကလည်း ယခုလို "ခွေးပေါင်းမြောက်မြားစွာ လာတဲ့ပွဲမှာကိ်ုက်တာတော့

ရှိမှာပေါ့.. ကိုယ့်လောက်တိရိစ္ဆာန်ချစ်တတ်တဲ့လူက

Sorry နာသွားလားမေးဖို့ ဝန်မလေးတဲ့သူပါ..

ဘာမှဖြစ်သွားကြတာလဲမဟုတ် ခွေးကိုရိုက်သတ်ပစ်မယ်လို့

အရင်စကားစတာ အမဘက်ကပါ..

comments တွမှာပါအမဆဲခဲ့ပြီး

ရိုင်းခဲ့တယ်လို့ပါပါတယ်.. ကိုယ့်ဘက်ကရိုင်းတဲ့စကားတစ်ခွန်းမှမပြောခဲ့ပါ..

Attention လိုချင်တယ်လို့ခံစားမိလို့

နာမည်မဖျက်ဘဲ တင်ပေးလိုက်ပါတယ်..

follower တိုးပါစေ:)" တုန့်ပြန်ထားတာကို တွေ့ရပါတယ်။ 

Photo : San Yati Moe Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။