အမျိုးသမီးများ အားလုံး မဖြစ်မနေ ရင်ဆိုင်ရတဲ့ အရာကတော့ ဓမ္မတာလာခြင်းပဲ ဖြစ်ပါတယ်။ ဒီလို ဓမ္မတာလာခြင်းနဲ့ ပတ်သက်ပြီးတော့လည်း ရှေးလူကြီးပြောခဲ့တဲ့ ဆုံးမ စကားများ၊ အယူအဆများ နှင့် အခြားသော ပညာပေးစကားများ ရှိသော်လည်း မိန်းကလေး အများစုအဖို့ကတော့ သိချင်နေတဲ့ မေးခွန်းအများစုကလည်း ရှိနေပါတယ်။ ဒါ့ကြောင့် အခု ဖော်ပြမယ့် အကြောင်းအရာကတော့ အများစုဟာ ဓမ္မတာနှင့် ပတ်သက်ပြီး မေးလေ့မေးထရှိတဲ့ မေးခွန်းများကို ဖော်ပြပေးလိုက်ပါတယ်။ 

(၁) ဓမ္မတာလာချိန်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်ရနို်င်ချေ နည်းသလား/များသလား … ?

Menstrual Cycle အရဆိုရင်တော့ ရာသီလာချိန်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်ရနို်င်ချေ အလွန်နည်းပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးအများစုဟာ ရာသီလာပြီး ၁၁ ရက်ကနေ ၁၅ ရက်အတွင်းမှာ မျိုးအောင်တဲ့ သားဥတွေ ဆင်းလေ့ရှိလို့ ဖြစ်ပါတယ်။ အမျိုးသမီး အားလုံးကတော့ သားဥဆင်တဲ့ အချိန်ကာလ မတူညီနိုင်တာမို့ ချွင်းချက်တော့ ရှိနိုင်ပါတယ်။

(၂) ဓမ္မတာလာချိန် အကာအကွယ် အသုံးမပြုရင်ကော ကိုယ်ဝန်ရနိုင်ပါသလား … ?

ဓမ္မတာလာချိန် လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ချေ အလွန်နည်းပေမယ့် မရနိုင်ဘူးလို့တော့ မဟုတ်ပါဘူး။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံရင်တော့ ဘယ်လိုအချိန်အခါပဲဖြစ်ဖြစ် အမျိုးသားရဲ့ သုတ်ပိုးနဲ့ မမျိုးဥတို့ တွေ့ဆုံတယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ပါတယ်။  

(၃) သားဥ မကျွေတဲ့ရက်တွေမှာ ကိုယ်ဝန်ရနို်င်ချေရှိသလား …?

အမျိုးသားတွေရဲ့ သုတ်ပိုးဟာ အမျိုးသမီးရဲ့သားအိမ်ခေါင်းထဲမှာ ရရက်လောက်အထိ အသက်ရှင်နိုင်ပါ

တယ်။ သားဥမကြွေလို့ လိင်ဆက်ဆံလိုက်ပေမယ့် နောက်တစ်ရက်နှစ်ရက်မှာ သားဥက

ကြွေတယ်ဆိုရင်လည်း ရှင်ကျန်နေတဲ့ သုတ်ပိုးနဲ့ မမျိုးဥ တွေ့တဲ့အခါ ကိုယ်ဝန်ရနိုင်ပါ

တယ်။ ဒီလို ဖြစ်စဉ်မျိုးက ရာသီလာချိန်တိုးတောင်တဲ့ မိန်းကလေးတွေမှာ အများစု ဖြစ်တတ်ပါတယ်။

ဖော်ပြပါ မေးခွန်း ၃ မျိုးကတော့ မိန်းကလေးတွေ အများဆုံး သိချင်နေတဲ့ မေးခွန်းများဖြစ်ပြီး ဆရာဝန်များကိုယ်တိုင် ထောက်ခံထားသော အဖြေများလည်း ဖြစ်ပါတယ်။

မိန်းကလေး အားလုံးပဲ ကျန်းမာရေး ဗဟုသုတများ တိုးပွားပြီး အန္တရာယ်ကင်းကင်း လှပကျော့ရှင်း နိုင်ကြပါစေ ရှင်။

သတင်းအရင်းအမြစ် - Hello Doctor 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။