ကြက်သား က အရသာရှိရုံမက ခန္ဓာကိုယ်အတွက်လည်း အာဟာရ ဖြစ်စေနိုင်ပါတယ်။ သို့သော် ကြက်သားမှာလည်း CP ကြက်နှင့် မြန်မာကြက် ဆိုပြီး ၂ မျိုး ရှိပါတယ်။ များသော အားဖြင့်တော့ ညှက်ပြီး သေးနေရင် မြန်မာကြက်လို့ သတ်မှတ်ကြပြီး CP ကြက်ကတော့ အသားများပြီး ခပ်ကြီးကြီး အရွယ်အစား ဖြစ်ပါတယ်။ တစ်ခု သတိထားရမှာက အိမ်ရှင်မတွေ အနေနဲ့ စျေးဝယ်တဲ့အခါ ပိန်လှီပြီး နေမကောင်းဖြစ်နေတဲ့ ကြက်ကလည်း မြန်မာကြက် မဖြစ်နိုင်သလို ဆေးထိုးထားလို့ အဆမတန် ကြီးထွားနေတဲ့ ကြက်ကလည်း ခန္ဓာကိုယ်အတွက် အာဟာရ မဖြစ်စေနိုင်ပါဘူး။

အခုနောက်ပိုင်း ကြက်ခြံတွေမှာ ပိုးသတ်ဆေးတွေကို အလွန်အကျွံ သုံးစွဲတာကြောင့် ကြက်သားစားခြင်းဖြင့် ကောင်းကျိုးများထက် ဆိုးကျိုးများက များနေနိုင်ပါတယ်။ ပုံမှန် ထိုးရမယ့် ပိုးသတ်ဆေးထက် ဆေးအမျိုးအစားများကို ပမာဏမြင့်စွာ ထိုးတတ်တာကြောင့် ယဉ်ပါးနေတဲ့ Ecoli ပိုးများကို လွယ်ကူစွာ ပေါက်ဖွားစေနိုင်ပြီး ကျန်းမာရေးအတွက် အန္တရာယ် ဖြစ်စေပါတယ်။ ပုံမှန်အားဖြင့် Ecoli ပိုးကို လူနဲ့ အခြားတိရိစ္ဆာန်တွေရဲ့ အူအတွင်းမှာ တွေ့ရှိရပြီး အန္တရာယ် မဖြစ်စေပါဘူး။ ဒါပေမယ့် ကြက်မှာ တွေ့ရတဲ့ Ecoli ကတော့ ကုသခြင်းမရှိရင် သေနိုင်တဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ 

ဒ့ါအပြင် ထိုးဆေးများတဲ့ ကြက်တွေမှာ တွေ့ရတဲ့ Salmonella ပိုးကလည်း အစာအဆိပ်သင့်ခြင်းကို ဖြစ်စေပါတယ်။ ဒီရောဂါပိုးကို ကြက်သားမှာသာမက အခြားအစားအစာတွေ ဖြစ်တဲ့ အသား၊ ကြက်ဥ၊ နွားနို့တွေမှာလည်း တွေ့ရတတ်ပါတယ်။ Ecoli လိုမျိုးပဲ ဒီရောဂါပိုးရရှိခဲ့မယ်ဆိုရင် ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ အန်ခြင်းနဲ့ အဖျားပြင်းထန်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဒ့ါကြောင့် ကြက်သားဟာ ခန္ဓာကိုယ်အတွက် အာဟာရ ဖြစ်စေနိုင်ပေမယ့်လည်း ထိုးဆေးပါနေတဲ့ အသားဖြစ်နိုင်တာကြောင့် ကြက်သားကို တရားဝင် မှတ်ပုံတင်ပြီး ရောင်းချတဲ့နေရာတွေကပဲ ဝယ်ယူသင့်ပါတယ်လို့ အကြံပေးပါရစေ ရှင်။

အားလုံးပဲ ကျန်းမာချမ်းသာပြီး ပျော်ရွှင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။